DVB Logo
Home
မြန်မာသတင်း
လူအခွင့်​အ​ရေး​ ကိုယ်စား​လှယ် အတိုက်အခံများ​နှင့်​ ​တွေ့​ဆုံ
DVB
·
February 3, 2012
လူအခွင့်​အ​ရေး​ ကိုယ်စား​လှယ် အတိုက်အခံများ​နှင့်​ ​တွေ့​ဆုံ
Donate to DVB

မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂ လူအခွင့်​အ​ရေး​ ကိုယ်စား​လှယ် မစ္စတာ ကင်တား​နား​ဟာ ဒီက​နေ့​ မနက်ပိုင်း​ ၁၁ နာရီမှာ ရန်ကုန် အင်း​စိန်​ထောင် ကိုသွား​ရောက်ခဲ့​ပြီး​ အင်း​စိန်​ထောင်အတွင်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃ ဦး​နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

[caption id="attachment_20766" align="alignright" width="300" caption="Tomas Ojea Quintana"][/caption]

အဲဒီ​နောက်မှာ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြ အပါအဝင် အဖွဲ့​ဝင်တချို့​နဲ့​လည်း​ ​နေလည်း​ပိုင်း​မှာ ​တွေ့​ဆုံတယ်လို့​ အမျိုး​သား​ လူအခွင့်​ရေး​ကော်မရှင်က ဦး​ခင်​မောင်​လေး​က ဒီဗွီဘီကို ​ပြောပါတယ်။

“အထူး​အ​ထွေ​တော့​ မရှိပါဘူး​။ လူ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ဖွဲ့​စည်း​ထား​တာ​လေး​တွေကို ဝမ်း​သာတယ်လို့​ ​ပြောတယ်။ သူသိချင်တဲ့​ အချက်တချို့​လေး​တော့​ ​မေး​သွား​တာ​ပေါ့​။”

မစ္စတာ ကင်တား​နား​ဟာ ည​နေပိုင်း​မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူမရဲ့​ ​နေအိမ်မှာ သွား​ရောက် ​တွေ့​ဆုံခဲ့​ပြီး​ ပြည်တွင်း​ပြည်ပက သတင်း​ထောက်​တွေကိုလည်း​ ​တွေ့​ခဲ့​တယ်လို့​ ကိုယ်တိုင် သတင်း​သွား​ရောက် ယူ​နေတဲ့​ ပြည်ပသတင်း​ဌာန သတင်း​ထောက် တဦး​က ဒီဗွီဘီကို အခုလို ​ပြောပါတယ်။

“​မေး​ခွန်း​ ၂ ခု​လောက်​တော့​ သူ ​ပြောသွား​တယ်။ ​မေး​ခွန်း​တခုက ​ကျေနပ်လား​လို့​ ​မေး​တော့​ ​ကျေနပ်တယ် မ​ကျေနပ်ဘူး​ဆိုတာ သူ့​(တင်ပြချက်) report ထဲကျမှ ထည့်​ရေး​မယ်​ပေါ့​။ အ​ရေး​ကြီး​တာ​တွေ​တော့​ မပါပါဘူး​။ အများ​ကြီး​ မ​ပြောဘူး​။ တခြား​သီး​ခြား​ဟာ ​မေး​တော့​ သူ မန္တ​လေး​သွား​တဲ့​ ကိစ္စက​တော့​ ​နေရာ​ကြောင့်​ပါ။ ​နေရာကို ​သေချာ ပြင်ဆင်ပြီး​မှ သူသွား​မှာပါတဲ့​။ ကျန်တဲ့​ ခရီး​စဉ်လည်း​ စီစဉ်ထား​တဲ့​အတိုင်း​ သွား​မယ်တဲ့​။ အ​သေး​စိတ်က​တော့​ ​နောက်ဆုံး​နေ့​ကျမှ ​ပြောမယ်တဲ့​။ တချို့​ဟာ​တွေလည်း​ report ထဲမှာ ထည့်​ရေး​မယ်လို့​ ​ပြောတယ်။”

ည​နေပိုင်း​မှာလည်း​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ ပါတီ​တွေနဲ့​ မကြာခင်က အကျဉ်း​ထောင် အသီး​သီး​က လွတ်​မြောက်လာတဲ့​ ကိုမင်း​ကိုနိုင် အပါအဝင် ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံတယ်လို့​ သိရပါတယ်။

ဇိုမီအမျိုး​သား​ကွန်ဂရက်က ပူကျင်ရှင်ထန်က တိုင်း​ပြည် ငြိမ်း​ချမ်း​ရရုံနဲ့​ မပြီး​ဘဲ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွှတ်​ရေး​ဟာ အ​ရေကြီး​ပုံကိုလည်း​ ကင်တာနာနဲ့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဒီဗွိဘီကို အခုလို ​ပြောပါတယ်။

“ခွန်ထွန်း​ဦး​၊​ ကျ​နော်၊​ ဦး​အေး​သာ​အောင်ရယ် ကျ​နော်တို့​ သုံး​ယောက်​တော့​ ​ကောင်း​ကောင်း​ သိတယ်​လေ။ အထူး​သဖြင့်​ ကျ​နော်တို့​ အား​လုံး​ ​ပြော​နေတာက တိုင်း​ပြည်ကို ဒီမိုက​ရေစီ တည်​ဆောက်မယ်ဆိုရင် တိုင်း​ပြည်​အေး​ချမ်း​ဖို့​ လိုတယ်။ စစ်ဖြစ်ဖို့​ မလိုဘူး​။ အဲဒါ​ကြောင့်​ အပစ်အခတ်ရပ်စဲရုံနဲ့​တော့​ တိုင်း​ပြည်က ​အေး​ချမ်း​မှာ မဟုတ်ဘူး​။ ​နောက်တခါ ပြန်စစ်မဖြစ်ရ​အောင် ဒီနိုင်ငံကို တည်​ဆောက်တုန်း​က ပင်လုံ စာချုပ်အရ ကျ​နော်တို့​တည်​ဆောက်တယ်။ အဲဒီအတိုင်း​ ဘယ်သူက ဘာ​ကြောင့်​ မလိုက်နာတာလဲ။ မလိုက်နာရင် ဒုတိယ ပင်လုံညီလာခံလုပ်ပြီး​တော့​ ​ဖြေရှင်း​မှ ဖြစ်မယ်။ အဲလိုမှ မဟုတ်ရင် အ​ခေါက်တရာ လာလည်း​ ပြီး​မှာ မဟုတ်ဘူး​။ အဲဒါကို လိုအပ်တယ်လို့​ အ​ရေး​ဆိုကြတယ်​လေ။”

ကင်တား​နား​ဟာ မနက်ဖြန်မှာလည်း​ ကရင်နဲ့​ မွန် တိုင်း​ရင်း​သာ​ဒေသ​တွေကို သွား​ရောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013