အမေရိကန် တိရစ္ဆာန်ရုံတွင် ရှားပါး ကြံ့မည်းလေးတကောင် မွေးဖွား (ရုပ်သံ)
Published By
DVB | 23 May, 2017
608
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်က စိန့်လူးဝစ္စ (Saint Louis) တိရစ္ဆာန်ရုံမှာ မေလ ၁၇ ရက်နေ့က ရှားပါး ကြံ့မည်းလေးတကောင် မွေးဖွားခဲ့ပါတယ်။
မိုယိုလို့ နာမည်ပေးထားတဲ့ အဲဒီကြံ့ပေါက်လေးဟာ မသန်မာသေးတဲ့ ခြေထောက်လေးတွေ ယိုင်တိုင်တိုင်နဲ့ သူ့အမေ ကေတီရိန်းနောက် လျှောက်လိုက်နေတာ တွေ့ရပါတယ်။
ကြံ့မည်းတွေဟာ သဘာဝတောတွေထဲမှာ အကောင်ရေ ၅၀၀၀ ကျော်ကျော်လောက်ပဲ ရှိတော့တယ်လို့ ယူဆရပြီး မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
တရားမဝင် ခိုးသတ်သူတွေကြောင့် ကြံ့မည်းတွေရဲ့ အရေအတွက်ဟာ အလွန်အမင်း လျော့နည်းလာတာဖြစ်ပြီး မှောင်ခိုသမားတွေက ဦးချိုတွေကို ဆေးဖော်ဖို့အတွက် အာရှဒေသမှာ ရောင်းချကြတယ်လို့ ပြောကြပါတယ်။
မိုယိုဆိုတဲ့နာမည်ဟာ စွာဟီလီဘာသာစကားနဲ့ နှလုံးသားလို့ အဓိပ္ပာယ်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။