ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 22, 2017
နွေသီးထပ်ရှယ်
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ရှယ်က ၁ အိတ်ကို ငွေကျပ် ၅၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁သောင်း ၉ထောင်ကျပ်ကနေ ၁သောင်း ၉ထောင့် ၅ရာ ပေါက်ဈေး ရှိနေပါတယ်။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၁သောင်း ၉ထောင် ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၉သိန်း ၃သောင်း ၈ထောင်ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ၉ထောင့် ၅ရာကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၆သိန်း ၅သောင်း ၅ရာ ပေါက်ဈေး ရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီနေ့မှာ ၁ ပိဿာကို ၁၃၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁၄၀၀ ကျပ်ကနေ ၂၀၈၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၃၂၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၄၀၀ ဈေးကျဆင်းသွားပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၂၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၆သောင်း ဖြစ်ပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁သိန်း ၂သောင်း ၃ထောင် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးတက်လာပါတယ်။
ဆား
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ဆား ၁ အိတ်ကို ငွေကျပ် ၃၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁သောင်း ၇ရာကျပ် ပေါက်ဈေး ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA