A d v e r t i s e m e n t With Us

ထူးခြားအံ့သြဖွယ် တောင်အာဖရိကကမ်းခြေမှ အက်ပစ်ဖယောင်းရုပ်တု ပုံတူသရုပ်ပြပွဲ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ ကမ်းခြေတခုမှာ လူပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ အက်ပစ်ဖယောင်းရုပ်တု ပုံတူသရုပ်ပြပွဲကို ထူးထူးခြားခြား ဆင်နွှဲခဲ့ကြပါတယ်။ ဒီသရုပ်ပြပွဲကို ကိပ်တောင်းမြို့၊ ကမ့်ပ်စ်ပင်လယ်အော်ကမ်းခြေမှာ ကယ်လ်ဗင်မန်ဟွေရီက စီစဉ်ခဲ့တာဖြစ်ပြီး ကမ်းခြေကို လာရောက်ခဲ့ကြသူတွေ ရာနဲ့ချီပြီး ပါဝင်ခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ ကလေးသူငယ်တွေပါ ပါဝင်ကာ အချိန် ၆ မိနစ်လောက်ကြာအောင် ဖယောင်းရုပ်တုတွေလို ငြိမ်သက် သရုပ်ပြခဲ့ကြတာဟာ တကယ့်ကို ပန်းချီကားတချပ်လိုပါပဲ။ သရုပ်ပြခဲ့ကြတဲ့ ပြကွက်တွေထဲမှာ ဆဲလ်ဖီဓာတ်ပုံရိုက်ကူးတာမျိုးတွေ၊ ကမ်းခြေ နေပူဆာလှုံနေတဲ့ မြင်ကွင်းတွေ၊ တင်းနစ်ကစားတာတွေ၊ အနမ်းပေးခဲ့ကြတာတွေဟာ တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ အဲဒီနောက်တော့ ကင်မရာမြင်ကွင်းကို ရွှေ့ခဲ့ကာ ကမ်းခြေစားသောက်ဆိုင်တွင်းမှ သက်ရှိဖယောင်းရုပ်တုတွေအသွင်နဲ့ မြင်ကွင်းတွေကို ရှုမြင်ကြရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up