ထိုင်းစစ်တပ်ပိုင် ဆေးရုံတွင် ဗုံးပေါက်ကွဲ၊ လူ ၂၀ ထက်မနည်း ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ဆေးရုံတရုံမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံရဲ့ ဆေးပေးဆောင် လူနာတွေစောင့်ရတဲ့ အခန်းတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အ ခန်းတွင်းမှာ ကာရံထားတဲ့ မှန်တံခါးတွေ ပေါက်ကွဲလွင့်စဉ်ခဲ့ပြီး မီးခိုးလုံးတွေ ထွက်လာခဲ့ကာ မီး တောက်မီးလျှံတွေ ထွက်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီးကတော့ အခင်းဖြစ်တဲ့နေရာမှာ ဘက်ထရီနဲ့ ဝိုင်ယာအစအနတွေကို ဗုံးရှာဖွေရှင်းလင်းရေးသမားတွေက တွေ့ရှိခဲ့ရပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ဆားကစ်ပြားတပြားနဲ့ ဘက်ထရီတခုကို တွေ့ခဲ့ရတယ်။ ဒီဗုံးဟာ ၂ မီတာနဲ့ ၃ မီတာကြား အကွာအဝေးမှာ ပေါက်ကွဲခဲ့တာ ဖြစ်နိုင်ပါတယ်။” ဗိုလ်ချုပ်ကြီး ဆီရိဗာရာ ရန်ဆီဘရာ မန်နကူရ်က ခု ဗုံးပေါက်ကွဲခဲ့တဲ့ ဆေးရုံဟာ စစ်တပ်က ပိုင်ဆိုင်တဲ့ ဖရာမောင်ကပ်ခလိုဆေးရုံဖြစ်ပြီး အရပ်သားတွေလည်း တက်ရောက်ဆေးကုသမှု ခံယူနိုင်ဖို့ ဖွင့်လှစ်ထားခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရာ ဆေးရုံကို ပိတ်ထားခဲ့ရပြီး အနံ့ခံခွေးတွေ အသုံးပြုကာ နောက်ထပ်ပေါက်ကွဲစေတတ်တဲ့ ဗုံးရှိ၊ မရှိ စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up