Home
သတင်းဓာတ်ပုံ
တရုတ်ရေတပ်သင်္ဘော ၂ စီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ- (ဓာတ်ပုံ)
DVB
·
May 22, 2017
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်တဲ့ တရုတ်ရေတပ်မတော်က စစ်သင်္ဘော CNS Chang Chun-DDG 150 နဲ့  CNS Jingzhou-FFG 532 တို့ဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကနေ မေ ၂၁ ရက်နေ့က ပြန်လည်ထွက်ခွာသွားပါတယ်။ အဆိုပါသင်္ဘောတွေကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ရှန်ဟိုက ဦးဆောင်ပြီး အရာရှိ၊ စစ်သည် စုစုပေါင်း ၅၅၃ ဦးလိုက်ပါ လာတာဖြစ်ပါတယ်။ ၃ရက်ကြာခရီးစဉ်အတွင်း တရုတ်ရေတပ်အရာရှိတွေက မြန်မာတပ်မတော် (ရေ) စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုးအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ နှစ်နိုင်ငံရေတပ်အရာရှိတွေ အပြန်အလှန်ဆက်ဆံရေး၊ စစ်ရေယာဉ်တွေ လည်ပတ်ရေးကိစ္စရပ်တွေအပြင် မြန်မာ့ရှေးဟောင်း အမွေအနှစ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာတပ်မတော်က သတင်းထုတ်ပါတယ်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024