Home
သတင်းဓာတ်ပုံ
အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ပထမဦးဆုံးအကြိမ် ရုံးထုတ်
ပြည့်ဘုန်းအောင်
·
May 22, 2017
18581845_1060726950696081_3462379966383981930_n
18664631_1476674985728674_4610612273170689023_n
18581546_1476675212395318_5088929086541645269_n
18556946_1476675015728671_2160917401557853710_n
  မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးအား ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က ဆန္ဒထုတ်ဖော်မှုအတွက် ငြိမ်းစုစီပုဒ်မ ၁၉ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူ ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနဲ့ ကိုနိုင်ဝင်းအောင်တို့ အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချထားပါတယ်။ တရားဆွဲခံထားရသူ ကိုဝင်းကိုကိုလတ်က “ဒီအစိုးရဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ပါဘူး။ တကယ်တမ်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တောင် မရှိပါဘူး။ ဝေဖန်ပြောဆိုရုံနဲ့ ထောင်သွင်း အကျဉ်းချတာဟာ အာဏာရှင်အစိုးရပါပဲ”လို့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆိုခံရရာမှာ ပါဝင်သူ ဆရာတော်ဦးပါမောက္ခနဲ့  အခြားသံဃာနှစ်ဦးကတော့ သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားစာပါမှသာ တရားရုံးသို့ လာရောက်ဖြေရှင်းမယ်လို့ ပြောဆိုထားပြီး ဒီနေ့မှာလည်း တရားရုံးကို မတက် ရောက်ခဲ့ပါဘူး။ ဒီနေ့ ရုံးထုတ်မှာတော့ ကမာရွတ်တရားရုံးကို သံဃာတော်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား ၁၀၀ နီးပါးက လာရောက်ဝန်းရံခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024