နည်းပြ အာစင်ဝင်းဂါး အာဆင်နယ်တွင် ဆက်ရှိရန် မသေချာ

ဓာတ်ပုံ - ရိုက်တာ
494
လာမယ့် ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရတာဟာ အသင်းမှာ ဆက်နေဖို့အတွက် စဉ်းစားရမယ့် အချက်တချက် ဖြစ်တယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။
အာစင်နယ်ဟာ မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်တွေ အပြီးမှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါဟာ အာဆင်နယ်အတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အဆင့် ၅ ပဲ ရတဲ့အတွက် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း အာဆင်နယ်မှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။
အသက် ၆၇ နှစ်အရွယ် အာစင်ဝင်းဂါးရဲ့ စာချုပ်ဟာ ဒီနှစ်ဘောလုံးရာသီအဆုံးမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
နည်းပြကတော့ လာမယ့် မေ ၂၇ ရက်နေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မယ်လို့ ပြောဆိုထားပါတယ်။
သူဟာ အာဆင်နယ်နည်းပြအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။