A d v e r t i s e m e n t With Us

ဘရာဇီးတွင် ရှောင်တခင် မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း လူ ၃၄ ဦးကို ဖမ်းဆီး (ရုပ်သံ)

ဘရာဇီးတွင် ရှောင်တခင် မူးယစ်ဆေး စစ်ဆင်ရေးအတွင်း... မေလ ၂၁ ရက် မနက်အစောပိုင်းမှာ ဘရာဇီးလ် အဓိကရုဏ်းရဲတွေက ဆာအိုပေါ်လို (Sao Paulo) မြို့နားက ခရာကိုလန်းဂျား (Cracolandia) နယ်မြေမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး လူ ၃၄ ဦးကို မူးယစ်ဆေး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနယ်မြေဟာ မူးယစ်ဆေးသုံးစွဲသူတွေ လွတ်လွတ်လပ်လပ် ဝယ်ယူသုံးစွဲနိုင်တဲ့ နာမည်ကြီးနယ်မြေ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ စတင်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးမှာ ရဲတပ်ဖွဲ့အင်အား ၅၀၀ လောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ FB လို့ ခေါ်ကြတဲ့ အဲဒီနယ်မြေရဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်လို့ ယူဆရသူကိုပါ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီနယ်မြေမှာ တခါသုံး အဆင်သင့် ဆေးလုံးလေးတွေကို အမေရိကန် ၃ ဒေါ်လာလောက်နဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တယ်လို့လည်း ပြောပါတယ်။ အခုစစ်ဆင်ရေးကို နယ်မြေအေးချမ်းသာယာရေး ပြန်လည်ဖော်ဆောင်လိုတဲ့ ဆာအိုပေါ်လို မြို့ဝန်ရဲ့ ညွှန်ကြားချက်နဲ့ မြို့တော်ရဲတပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနယ်မြေဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး မူးယစ်မှောင်ခိုနယ်မြေ ဖြစ်နေခဲ့တာလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up