မာလာဂါကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး ရီးရဲ လာလီဂါချန်ပီယံဆု ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)
Published By
DVB | 22 May, 2017
999
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က မာလာဂါအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားပါတယ်။
အနိုင်ဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့က သွင်းယူပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ စုစုပေါင်း ၉၃ မှတ်ရပြီး ဒုတိယနေရာက ဘာစီလိုနာအသင်းထက် ၃ မှတ်အသာနဲ့ ချန်ပီယံဆု ရယူသွားတာပါ။
ရီးရဲလ်အတွက်တော့ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါချန်ပီယံဆုကို ရယူနိုင်တာ ဖြစ်ပါတယ်။
အခုချန်ပီယံဆုဟာ ရီးရဲလ်အတွက် ၃၃ ကြိမ်မြောက် ရယူနိုင်တာပါ။
နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရင် ချန်ပီယံဆုကို ပထမဆုံး ကာကွယ်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။