A d v e r t i s e m e n t With Us

ကျောက်တင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦး သေဆုံး

  မြိတ်-ကျွဲကူးလမ်းမကြီးပေါ်တွင် မေလ ၂၀ ရက် ညနေ ၅ နာရီခွဲ လောက်က ကျောက် တင်ကားနဲ့ ဆိုင်ကယ်တစီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ မြိတ်ကနေ ကျွဲကူးကို မောင်းနှင်လာတဲ့ ကျောက်တင်ကားနဲ့ ကျွဲကူးမှ မြိတ်မြို့ဘက် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး တပ်သားရန်အောင်နဲ့ ကျောင်းဆရာမ တဦး အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့တာပါ။ ကျွဲကူးကျေးရွာ ရဲအုပ်လှဌေး က “မြိတ်မှကျွဲကူးသို့ ယာဉ်မောင်းစိုးလွင် မောင်းနှင်လာတဲ့ ကျောက်တင်ကား(ကျောက်မပါ)နှင့်ကျွဲကူးမှ မြိတ်မြို့ဘက်သို့ တပ်သားရန်အောင်(၂၈)နှစ်၊ မောင်းနှင်ပြီး ကျောင်းဆရာ မဆုဆုလတ်လိုက်ပါလာတဲ့ ဆိုင်ကယ် လမ်းမအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါလာသူ နှစ်ဦးလုံးသေဆုံးခဲ့တာ”လို့ ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ကျောက်တင်ကား မဆင်မခြင်မောင်းနှင်တဲ့ စန္ဒ၀တ်ကျေးရွာ နေသူ ယာဉ်မောင်းစိုးလွင် (၃၉) နှစ်နဲ့ ဆိုင်ကယ်မောင်းနှင်လာတဲ့ စန္ဒ၀တ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ထောက်ပို့တပ်နေသူ တပ်သားရန်အောင် ၂၈ နှစ်တို့ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up