A d v e r t i s e m e n t With Us

ခရီးသည်တင်ကား နောက်ပိုင်းကို ၁၂ ဘီးကားဝင်တိုက်၊ ၁၀ ဦး ဒဏ်ရာရ

  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လျှော်ပင်ကျေးရွာမိုင်တိုင် အမှတ် ၃၅၄/၀ မှာ မေလ ၂၀ ရက် ညနေ ၃ နာရီလောက်မှာ ရွှေပျားမင်းခရီးသည်တင် မီနီဘတ်စ်နောက်ပိုင်းကို အရှိန် မထိန်းနိုင်တဲ့ ၁၂ ဘီးကား ဝင်တိုက်လို့ ၁၀ ဦး ဒဏ်ရာရသွားပြီး ၁၂ ဘီး ယာဉ်မောင်းစန်းလွင်ကို အရေးယူထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ဒုရဲအုပ်သိန်းဇော်သန်းက “ကားလေးနောက်ပိုင်း ဝင်တိုက်လိုက်တဲ့ အရှိန်က ပြင်းလွန်းတယ်။ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေ ရကုန်တယ်။ ရွှေပျားမင်း ယာဉ်မောင်း တင်မောင်လှိုင်အပါ ၉ ဦး ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်”လို့ ပြောပါတယ်။ ရွာအုပ်ချုပ်ရေးမှူးဦးဇေယျာမင်း က “ ရွှေပျားမင်းကားတပတ်လည်ပြီး ရေမြောင်းထဲကျသွားတယ်။ တချို့လူတွေ ကားအောက်ရောက်နေတယ်။ ရေဗွက်ထဲနစ်ပြီး ကံကောင်းသွားတယ်။ ကားကို တွန်းဖယ်ပြီး ရွာကလူတွေနဲ့ ကူညီပေးရတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဝမ်းတွင်းမြို့မရဲစခန်းက အမှု အမှတ်ယာဉ် (ပ)၁၆/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းတဲ့အတွက် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှု ရာဇသတ် ကြီး ပုဒ်မ ၃၃၈ နဲ့ ဖူဆို ၁၂ ဘီကား မောင်းသူစန်းလွင်ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)  

A d v e r t i s e m e n t With Us

More News
Up