မြန်မာအလှမောင် ပိုင်စိုးထွန်း Mister Global 2017 ပြိုင်ပွဲတွင် အင်တာနက်လူကြိုက်အ များဆုံးဆုရရှိ

ထိုင်းနိုင်ငံမှာ မေလ ၂၀ ရက်နေ့ညပိုင်းက ကျင်းပခဲ့တဲ့ Mister Global 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမောင် ပိုင်စိုးထွန်းက အင် တာနက်လူကြိုက်အများဆုံးဆု ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ထိုင်းနိုင်ငံအခြေစိုက်ကျင်းပတဲ့ အလှမောင်ပြိုင်ပွဲတခုဖြစ်ပြီး မြောက် ပိုင်းမြို့တော် ချင်းမိုင်မြို့မှာ ၄ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ရှိတဲ့ ပိုင်စိုးထွန်းဟာ မြစ်ကြီးနားမြို့ဇာတိဖြစ်ပြီး ကမ္ဘာတလွှား ပြိုင်ပွဲဝင်ပေါင်း ၃၀ ထဲမှ ဆန်ကာတင် ၁၆ ဦးအဆင့်ထိ ပါဝင်ခဲ့တာပါ။ ဆန်ကာတင် ၅ ဦးအဆင့်မှာတော့ ဘရာဇီး၊ ချီလီ၊ တောင်အာဖရိက၊ အင်္ဂလန်နဲ့ ဗီယက်နမ်နိုင်ငံတွေမှ အလှမောင်တွေစာရင်းဝင်ခဲ့ကြတာကာ Mister Global 2017 ဆုကိုတော့ ဘရာဇီးနိုင်ငံကိုယ်စားပြု အလှမောင် ပီဒရို ဟင်းနရစ် ဂီကာက ရရှိခဲ့တာပါ။ ဒုတိယဆုကိုတော့ တောင်အာဖရိကနိုင်ငံကိုယ်စားပြုအလှမောင် ဂါရီ ဟေဗဲန်ဂါ ကရရှိခဲ့ပြီး တတိယဆုကိုတော့ အင်္ဂလန်နိုင်ငံကိုယ်စားပြုအလှမောင် ခရစ္စတိုဖာ ဂျိုး ဆက်ပ်ဘရန်းမ်မဲလ်တို့က ရရှိသွားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up