DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှုဖြင့်​ ရုံး​ထုတ်
DVB
·
February 2, 2012
ကေအန်ယူ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်ကို နိုင်ငံ​တော်ပုန်ကန်မှုဖြင့်​ ရုံး​ထုတ်
Donate to DVB

နိုင်ငံ​တော်ပုန်ကန်မှုနဲ့​ အစိုး​ရက တရား​စွဲခံထား​တဲ့​ ​ကေအန်ယူ ထိပ်တန်း​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်ကို ဒီက​နေ့​ အင်း​စိန်​ထောင် တရား​ရုံး​မှာ စစ်​ဆေး​ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်

သူ့​အ​ပေါ် အစိုး​ရဘက်က တရား​မဝင်အသင်း​အပင်း​နဲ့​ ဆက်သွယ်မှု၊​ နိုင်ငံ​တော် ပုန်ကန်မှုစတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲထား​တာပါ။ ဒီက​နေ့​ ရုံး​ချိန်း​အ​ခြေအ​နေကို ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ခုလို ​ပြောပါတယ်။

“ဒီ​နေ့​က သက်​သေ နှစ်ဦး​ စစ်တယ်။ တရား​လိုပြသက်​သေ တ​ယောက်ရယ်၊​ အမှုစစ်ရယ်ကို စစ်တယ်။ ​နောက်တပတ်မှာ စွဲချက်တင်သင့်​ မတင်သင့်​ ကျ​နော်တို့​ ​လျှောက်လဲချက် ​ပေး​ရမယ်။ ဒီ​နေ့​ တဖက်က​နေ အင်တာနက်ကလာတဲ့​ သတင်း​တွေ။ စာမျက်နှာ စာရွက်​တွေနဲ့​ အင်တာနက်ကဟာ​တွေ တင်​တော့​ ကျ​နော်တို့​ ကန့်​ကွက်တယ်။ ဒါ​တွေက သက်​သေခံ ဥပ​ဒေနဲ့​လည်း​ မညီဘူး​။ ဒီလိုသာ အင်တာနက်က သတင်း​တွေကိုသာ ​လျှောက်ပြီး​ အပြစ်​ပေး​ကြစတမ်း​ဆိုရင် ကျ​နော်တို့​ဘက်က တင်လာရင်လည်း​ လက်ခံမှာလား​။ အဲဒါ​ကြောင့်​ ဒါကို ပယ်ပါလို့​ ​ပြောတယ်။ တရား​ရုံး​ကလည်း​ နှစ်ဖက် ကြား​နာပြီး​တော့​ အဲဒီစာရွက်​တွေကို လက်မခံဘဲ ပယ်လိုက်ပါတယ်။ အဲဒါက​တော့​ ထူး​ခြား​တဲ့​ သတင်း​ပေါ့​။”

အမှုကို အပတ်စဉ် ကြာသပ​တေး​နေ့​ကို ချိန်း​ဆိုထား​ပါတယ်။ ဒီက​နေ့​ ရုံး​ချိန်း​က မနက်ဆယ်နာရီခွဲကတည်း​က ​ရောက်​နေ​ပေမယ့်​ ​နေ့​ခင်း​ နှစ်နာရီကျမှ အမှုစစ်ဖြစ်တယ်လို့​ သူက ​ပြောပါတယ်။

အရင်နိုင်ငံ​ရေး​လှုပ်ရှား​မှု​တွေ​ကြောင့်​ ကိုကိုး​ကျွန်း​မှာ ပြစ်ဒဏ်ကျခံဖူး​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို အသွား​မှာ ဗီဇာ အခက်အခဲ​ကြောင့်​ ပြန်ဝင်ခွင့်​မရဘဲ တရုတ်နိုင်ငံမှာ ​သောင်တင်ရာက မြန်မာဘက်ကို ပြန်ပို့​ခံခဲ့​ရပါတယ်။ တရား​မဝင် နယ်စပ်ဖြတ်​ကျော်မှုနဲ့​ ​ထောင်ဒဏ်ကျပြီး​မှာ အခုအမှုနှစ်ခုနဲ့​ ထပ်မံ စွဲဆိုထား​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013