Saturday, June 3, 2023
HomeLead Storyအစွန်း​ရောက်​ အမျိုးသား​ရေးဝါဒီများကို ကန့်ကွက်ကြရန် ရွှေဝါရောင်သံဃာတော်များ တိုက်တွန်း

အစွန်း​ရောက်​ အမျိုးသား​ရေးဝါဒီများကို ကန့်ကွက်ကြရန် ရွှေဝါရောင်သံဃာတော်များ တိုက်တွန်း

အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ ဟောပြောချက် ရေးသားလုပ်ဆောင်ချက်တွေဟာ ပဋိပက္ခ အသွင်သဏ္ဌာန် ဖန်တီးနေတဲ့အတွက် မြန်မာတနိုင်ငံလုံးက ပြည်သူတွေက ကန့်ကွက်ရှုတ်ချပြီး မပါဝင်ဖို့ ရွှေဝါရောင်သံဃာတော်တွေက မိန့်ကြားလိုက်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင် ပညာဒါနကျောင်းမှာ ရွှေဝါရောင်သံဃာတော်တွေ အထူးအစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနအောက်က အာဏာပိုင်တွေအနေနဲ့လည်း အစွန်းရောက် အမျိုးသားရေးဝါဒီတွေနဲ့ အစွန်းရောက် သံဃာတွေကို အရေးယူပေးဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ရွှေဝါရောင်သံဃာတော်များ အထူးအစည်းပြုလုပ်တဲ့ မေ ၂၀ ရက်နေ့မှာပဲ အမျိုးသားရေးဝါဒီ သမား ရဟန်းရှင်လူ ၁၀၀၀ ကျော်လောက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ – ရန်နိုင်ဇော်ဝင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular