DVB Logo
Home
မြန်မာသတင်း
မစ္စတာ ကင်တား​နား​ ​ရွေး​ကောက်ပွဲ​ကော်မရှင်နှင့်​ ​တွေ့​ဆုံ
DVB
·
February 2, 2012
မစ္စတာ ကင်တား​နား​ ​ရွေး​ကောက်ပွဲ​ကော်မရှင်နှင့်​ ​တွေ့​ဆုံ
1 / 2
Donate to DVB

မစ္စတာ ကင်တား​နား​ဟာ ​ရွေး​ကောက်ပွဲ​ကော်မရှင်၊​ သမ္မတအကြံ​ပေး​အဖွဲ့​၊​ ​ရှေ့​နေချုပ်၊​ တရား​သူကြီး​ချူပ်၊​ ပြန်ကြား​ရေး​၊​ ပညာ​ရေး​နဲ့​စွမ်း​အင်စတဲ့​ ဝန်ကြီး​ဌာန​တွေက အဆင့်​မြင့်​ပုဂ္ဂိုလ်​တွေနဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

မစ္စတာ ကင်တား​နား​ဟာ ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​မှာ အင်း​စိန်​ထောင်ကို သွား​ရောက်မှာဖြစ်သလို လူ့​အခွင့်​အ​ရေး​ကော်မရှင်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ အစီအစဉ် ရှိပါတယ်။ ည​နေပိုင်း​မှာ ၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ဇိုမီး​အမျိုး​သား​များ​ကွန်ကရက် စတဲ့​ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။

ဖေ​ဖော်ဝါရီ ၄ ရက်​နေ့​မှာ ကရင်ပြည်နယ်နဲ့​ မွန်ပြည်နယ်ကို သွား​မယ်လို့​ ရန်ကုန်အ​ခြေစိုက် ကုလသမဂ္ဂရုံး​က ပြန်ကြား​ရေး​တာဝန်ခံ ဦး​အေး​ဝင်း​က ​ပြောပါတယ်။

“မစ္စတာ ကင်တား​နား​ဟာ ခု​လေး​တင်ပဲ ​ရှေ့​နေချုပ် ​ဒေါက်တာ ထွန်း​ရှင်နဲ့​ ​တွေ့​ပါတယ်။ မနက်က တရား​သူကြီး​ချုပ် ​ဒေါက်တာ ထွန်း​ထွန်း​ဦး​နဲ့​ရော ပညာ​ရေး​ ဒုတိယဝန်ကြီး​ ဦး​ဘ​ရွှေနဲ့​လည်း​ ​တွေ့​ခဲ့​ပါတယ်။ ကျ​နော်တို့​ ကရင်နဲ့​ မွန်က စ​နေ​နေ့​ သွား​ဖို့​ ရှိပါတယ်။ ”

ဒီခရီး​စဉ်မှာ ဘယ်အဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​မယ်ဆိုတာကို ​ပြောလို့​မရ​သေး​တဲ့​ အ​ကြောင်း​နဲ့​ လတ်တ​လော တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့​ ကချင်ပြည်နယ်ဘက်ကို သွား​ရောက်ဖို့​ အချိန်မရှိ​တော့​ဘူး​လို့​ ဦး​အေး​ဝင်း​က ​ပြောပါတယ်။

မွန်ပြည်နယ် ​မော်လမြိုင်မှာရှိတဲ့​ မွန်ဒေသလုံးဆိုင်ရာ ဒီမိုက​ရေစီပါတီက​တော့​ မစ္စတာ ကင်တား​နား​နဲ့​ ​တွေ့​ဆုံလို​ပေမယ့်​ သူတို့​အဖွဲ့​ဆီကို အခုထိ အ​ကြောင်း​ကြား​စာ ​ရောက်မလာ​သေး​ဘူး​လို့​လည်း​ ပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ​ပြောပါတယ်။

“သူက လာမယ်ဆိုရင် တိုင်း​ရင်း​သား​တွေနဲ့​ မ​တွေ့​လို့​ မဖြစ်ဘူး​လေ။ တိုင်း​ရင်း​သား​ ကိစ္စက​တော့​ ထိပ်မှာ ​ပြေး​နေတဲ့​ သ​ဘောရှိတာကိုး​။ လာ​တွေ့​ရင်လည်း​ ​တွေ့​လိုက်မယ်။ မ​တွေ့​ရင်လည်း​ ပြီး​တာပဲ​လေ။”

မွန်ဒေသလုံးဆိုင်ရာဒီမိုက​ရေစီပါတီဟာ မစ္စတာ ကင်တား​နား​နဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ခုနှစ် ဩဂုတ်လတုန်း​က ရန်ကုန်မြို့​မှာ တခြား​ တိုင်း​ရင်း​သား​ပါတီ​တွေနဲ့​ အတူ ​တွေ့​ဆုံခဲ့​ဖူး​ပါတယ်။ တိုင်း​ရင်း​သား​ပါတီ​တွေက မြန်မာ့​နိုင်ငံ​ရေး​ တိုး​တက် ​ပြောင်း​လဲမှု​တွေအတွက် ကုလသမဂ္ဂက​နေ တိုက်တွန်း​ပေး​ဖို့​ မစ္စတာကင်တား​နား​ကို စာတ​စောင်​ပေး​ပို့​ ​တောင်း​ဆိုခဲ့​ပါတယ်။

မစ္စတာ ကင်တာနား​ဟာ မြန်မာနိုင်ငံကို ​ရောက်လာတာ အနည်း​ဆုံး​ ၅ ကြိမ်ခန့်​ ရှိပြီဖြစ်​ပေမယ့်​ တိုင်း​ရင်း​သား​ဒေသဘက်ကို သွား​ရောက်​လေ့​လာခွင့်​ ရတာဟာ ဒီတကြိမ် ပထမဦး​ဆုံး​ ဖြစ်ပါတယ်။ အရင်အ​ခေါက်​တွေတုန်း​က သူ့​ရဲ့​ လုံခြုံ​ရေး​အတွက်လို့​ အ​ကြောင်း​ပြပြီး​ သက်ဆိုင်ရာ အာဏာပိုင်​တွေက ခွင့်​မပြုခဲ့​ပါဘူး​။

မစ္စတာ ကင်တား​နား​အ​နေနဲ့​ အခုတ​ခေါက် ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ဖို့​ရှိပြီး​ ​လေ့​လာ​တွေ့​ရှိချက်​တွေကို​တော့​ မတ်လမှာ ပြုလုပ်မယ့်​ ၁၉ ကြိမ်​မြောက် လူ့​အခွင့်​အ​ရေး​ကောင်စီ ​ဆွေး​နွေး​ပွဲမှာ အစီရင်ခံ တင်ပြသွား​ဖို့​ ရှိတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013