DVB Logo
Home
မေးမြန်းခန်း
ကြံ့​ခိုင်​ရေး​ပါတီကိုယ်စား​လှယ်​လောင်း​များ​နှင့်​ ပတ်သက်ပြီး​ ​မေး​မြန်း​ချက်
DVB
·
February 2, 2012
ကြံ့​ခိုင်​ရေး​ပါတီကိုယ်စား​လှယ်​လောင်း​များ​နှင့်​ ပတ်သက်ပြီး​ ​မေး​မြန်း​ချက်
Donate to DVB

စစ်ဗိုလ်ချုပ်ဟာင်း​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ အနိုင်ရ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက​နေ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​စာရင်း​ ထွက်ရှိပါတယ်။

အဲဒီ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​တွေနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ပါတီဌာနချုပ်က ဦး​တင့်​ဇော်ကို ကိုမင်း​လွင်က ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​ပါတီမှာ လွှတ်​တော်ကိုယ်စား​လှယ် ၄၈ ဦး​ကို ကျ​နော်တို့​ စာရင်း​ရတယ်။ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​ပါတီက​နေ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​တွေ ​ရွေး​တဲ့​အခါ ဘယ်လိုစံနှုန်း​တွေနဲ့​ ​ရွေး​တာလဲ။

“နိုင်မယ်ထင်တဲ့​ လူမျိုး​ကို ဦး​စား​ပေး​ရွေး​ပါတယ်။ ပြည်သူက လက်ခံပြီး​ ပါတီ​ပေါ်မှာလည်း​ သစ္စာ​စောင့်​သိ ရို​သေတယ်ဆိုတဲ့​ လူမျိုး​ကို ဦး​စား​ပေး​ ​ရွေး​ပါတယ်။”

၂၀၁၀ တုန်း​ကလည်း​ ​တော်​တော်များ​များ​ နိုင်ခဲ့​တယ်။ အခုအ​ခြေအ​နေ​ကော ၄၈ ​နေရာလုံး​ နိုင်မယ်လို့​ ​မျှော်လင့်​လား​။ ဘယ်လို အ​ခြေအ​နေလဲ။

“နိုင်မယ်လို့​ ​မျှော်လင့်​လို့​ ဝင်ပြိုင်တာပါ။ ပြည်သူက လက်ခံမယ့်​လူ​တွေပဲ လျာထား​တာပါ။ ၄၈ ​နေရာစလုံး​ကို နိုင်လည်း​နိုင်ချင်ပါတယ်။”

အခု ၄၈ ​နေရာ၊​ ၄၈ ဦး​ထဲမှာ ကျ​နော်တို့​ ​တွေ့​တာ​တော့​ ဒက္ခိဏသီရိက ဒုတိယ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​မောင်ရှိန်ကို​တွေ့​တယ်။ အရာရှိ အချိုး​အစား​က ဘယ်​လောက်ပါလဲ။ ဒီတ​ခေါက်မှာ။

“ဒုတိယ ဗိုလ်ချုပ်ကြီး​က​တော့​ သူတ​ယောက်ပါပဲ။ ​နောက်တခါ ဥတ္တရသီရိမှာ​တော့​ ကျ​နော်တို့​ ဘဏ္ဍာအခွန် ဒုဝန်ကြီး​(အငြိမ်း​စား​) ဦး​လှသိန်း​ဆွေ ပါတယ်။ က​လောက​တော့​ ဗိုလ်ချုပ်အငြိမ်း​စား​ တ​ယောက်ပါတယ်။ ဦး​မြဝင်း​ဆိုတာ။ ​နောက်တခါ တနင်္သာရီတိုင်း​မှာ​တော့​ ဗိုလ်မှူး​ချုပ်အငြိမ်း​စား​ ဦး​ချစ်သန်း​ ဆိုတာပါတယ်။”

အမျိုး​သမီး​ ပါဝင်နှုန်း​က​ရော။

“​ဒေါ်သန်း​သန်း​နွဲ့​ဆိုတာ ရှိပါတယ်။ ​နောက်တခါ ရှမ်း​ပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်​မြေမှာ ဆရာဝန်မ တ​ယောက်ရှိပါတယ်။ ​နောက်တခါ ​ဒေါက်တာ ​ဒေါ်​ဝေ​ဝေသာ ရှိပါတယ်။ ​လေး​ယောက်​ပေါ့​။”

ဒေါ်​ဝေ​ဝေသာက ဦး​အောင်မင်း​ (မီး​ရထား​ဝန်ကြီး​) အမျိုး​သမီး​လို့​ ​ပြောတယ်။ ဟုတ်လား​။

“ဟုတ်ပါတယ်။ သူကျ​တော့​ အရင်တုန်း​က မိခင်နဲ့​ က​လေး​စောင့်​ရှောက်​ရေး​က ဒုတိယ ဥက္ကဋ္ဌ​ပေါ့​။”

ပြီး​ခဲ့​တဲ့​ ၂၀၁၀ တုန်း​က ဝင်ပြိုင်ပြီး​တော့​ မနိုင်ခဲ့​တဲ့​ ကိုယ်စား​လှယ်​တွေ​ကော အခု​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်တာရှိသလား​။

“ကျ​နော်တို့​ရဲ့​ စီအီး​စီဖြစ်တဲ့​ ဦး​မောင်ရှိန်​တော့​ ပါပါတယ်။ သူက ဘား​အံမှာ တိုင်း​ဒေသကြီး​လွှတ်​တော်မှာ ဝင်​ရွေး​တော့​ သူတို့​လည်း​ ရုတ်တရက် အချိန်မရတာနဲ့​။”

အခု ​ဒေါက်တာစိုး​မင်း​ အ​နေနဲ့​ကော ဘယ်လိုအ​နေအထား​ရှိလဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတူတူ ယှဉ်ပြိုင်ရမယ်ဆို​တော့​လေ။

“ကျ​နော်တို့​က​တော့​ ကိုယ့်​ပါတီက လူနဲ့​ ကိုယ်လျာလိုက်တာ။ တခြား​ပါတီက မလျာထား​ခင်ကတည်း​က လျာထား​တာပါ။”

ဒေါ်အောင်ဆန်းစုကြည်တို့​ ​ရွေး​ကောက်ပွဲ မဝင်ခင်ကတည်း​က လျာထား​တာ​ပေါ့​။

“ဟုတ်ပါတယ်။ တခြား​ပါတီ​တွေလည်း​ သူတို့​သ​ဘော သူတို့​ဆန္ဒအ​လျောက် သူတို့​လျာထား​တာ​ပေါ့​။ ကျ​နော်တို့​ပါတီကလည်း​ ကျ​နော်တို့​ ​ဒေသခံ ပြည်သူ​တွေရဲ့​ အ​ခြေအ​နေ​တွေ ကျ​နော်တို့​ တိုင်း​ဒေသကြီး​ ပြည်နယ်​တွေမှာ တာဝန်​ပေး​ထား​တဲ့​ ဗဟိုအလုပ်အမှု​ဆောင်​တွေရဲ့​ တင်ပြချက်​တွေနဲ့​ ဗဟိုအလုပ်အမှု​ဆောင်က တညီတညွတ်တည်း​ ဆုံး​ဖြတ်ကြတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013