DVB Logo
Home
မြန်မာသတင်း
ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မည့်​ ကိုယ်စား​လှယ်​လောင်း​စာရင်း​ ကြံ့​ခိုင်​ရေး​ပါတီ ​ကြေညာ
DVB
·
February 2, 2012
ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မည့်​ ကိုယ်စား​လှယ်​လောင်း​စာရင်း​ ကြံ့​ခိုင်​ရေး​ပါတီ ​ကြေညာ
Donate to DVB

ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီဟာ လာမယ့်​ ဧပြီ ၁ ရက် ကြား​ဖြတ် ​ရွေး​ကောက်ပွဲဝင်မယ့်​ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​ အမည်စာရင်း​ကို ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဌေး​ဦး​ လက်မှတ်နဲ့​ ထုတ်ပြန်​ကြေညာလိုက်ပါတယ်။

ကြံ့​ခိုင်​ရေး​ပါတီအ​နေနဲ့​ လစ်လပ်​နေရာ ၄၈ ​နေရာ စလုံး​မှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​တွေရဲ့​ အမည်စာရင်း​ကို ​ဖော်ပြထား​ရာမှာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်မှာ ခွဲစိတ်ကုဆရာဝန် ​ဒေါက်တာစိုး​မင်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မရမ်း​ကုန်း​မြို့​နယ်မှာ​တော့​ ဦး​ရဲထွဋ်က အန်အယ်လ်ဒီပါတီက ​ဒေါက်တာ ​ဒေါ်​မေဝင်း​မြင့်​နဲ့​ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်မှာ​တော့​ ​ဒေါ်လဲ့​လဲ့​အေး​က အန်အယ်လ်ဒီပါတီက အိပ်ခ်ျအိုင်ဗွီ/​အေအိုင်ဒီအက်စ်အ​ရေး​ တက်ကြွလှုပ်ရှား​သူ ​ဒေါ်ဖြူဖြူသင်း​၊​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦး​သု​ဝေတို့​နဲ့​ ယှဉ်ပြိုင်ရမှာပါ။

လှည်း​ကူး​မြို့​နယ်မှာ​တော့​ ​ဒေါက်တာ​အောင်မြတ်သူက အန်အယ်လ်ဒီပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​နဲ့​ ယှဉ်ပြိုင်ရမှာပါ။

အာဏာရပါတီရဲ့​ အမာခံ မန္တ​လေး​တိုင်း​ ​နေပြည်​တော် မဲဆန္ဒနယ်​တွေမှာ​တော့​ ပုဗ္ဗသီရိမြို့​နယ်မှာ စီး​ပွား​ရေး​သမား​ ဦး​သာ​ဌေး​က အန်အယ်လ်ဒီပါတီက ဟစ်​ဟော့​အဆို​တော် ​ဇေယျာ​သော်နဲ့​ ယှဉ်ပြိုင်ရမှာပါ။

ဇမ္ဗူသီရိမြို့​နယ်မှာ ဦး​ဝင်း​ဌေး​က အန်အယ်လ်ဒီပါတီဝင် ၈၈ မျိုး​ဆက် ​ကျောင်း​သား​ နိုင်ငံ​ရေး​အကျဉ်း​သူ​ဟောင်း​ မစန္ဒာမင်း​နဲ့​ ယှဉ်ပြိုင်ရမှာပါ။

ဒက္ခိဏသီရိမြို့​နယ်မှာ အ​နောက်ပိုင်း​တိုင်း​ တိုင်း​မှူး​ဟောင်း​နဲ့​ တပ်မ​တော် စစ်ဆင်​ရေး​နဲ့​စာရင်း​စစ်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​မောင်ရှိန်၊​ ဥတ္တရသီရိမြို့​နယ်မှာ အငြိမ်း​စား​ ဘဏ္ဍာအခွန် ဒုဝန်ကြီး​နဲ့​ဗိုလ်မှူး​ကြီး​ဟောင်း​ ဦး​လှသိန်း​ဆွေက ယှဉ်ပြိုင်မှာပါ။ ဦး​မောင်ရှိန်ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ဘား​အံမြို့​နယ်မှာ ယှဉ်ပြိုင်ခဲ့​ရမှာ ရှုံး​နိမ့်​ခဲ့​ဖူး​ပါတယ်။

မန္တ​လေး​ မဟာ​အောင်​မြေမြို့​နယ်မှာ​တော့​ ဦး​သန်း​ထွန်း​က အန်အယ်လ်ဒီပါတီက ဦး​အုန်း​ကြိုင်နဲ့​ ယှဉ်ပြိုင်မှာဖြစ်ပြီး​ မိတ္ထီလာမြို့​နယ်မှာ​တော့​ ဦး​လှမြင့်​က အန်အယ်လ်ဒီပါတီက ဦး​ဝင်း​ထိန်နဲ့​ယှဉ်ပြိုင်ရမှာပါ။

ဧရာဝတီတိုင်း​ထဲမှာ​တော့​ ​မြောင်း​မြမှာ ဟိုတယ်နဲ့​ခရီး​သွား​လာ​ရေး​ ဝန်ကြီး​ဌာနနဲ့​ အား​ကစား​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​တင်ဆန်း​ရဲ့​သား​၊​ ​နေပြည်​တော် ​ဘောလုံး​အသင်း​ ဥက္ကဋ္ဌဖြစ်သူ ​ဒေါက်တာဖြိုး​ကိုကိုတင့်​ဆန်း​၊​ မအူပင်မြို့​နယ်မှာ ​ဒေါက်တာမျိုး​သန့်​တင်၊​ မြန်​အောင်မှာ ​ဒေါက်တာသန်း​ထွဋ်၊​ ပုသိမ်မှာ ဦး​အောင်တင်မြင့်​၊​ ဝါး​ခယ်မမှာ ဦး​ထွန်း​အောင်​ကျော်၊​ ​ရေကြည်မှာ ဦး​တင်စိုး​ စသူတို့​ ကြံ့​ခိုင်​ရေး​ပါတီကို ကိုယ်စား​ပြုပြီး​ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ရဲ့​ ဇနီး​ မိခင်နဲ့​က​လေး​စောင့်​ရှာက်​ရေး​ ဒု-ဥက္ကဋ္ဌ ​ဒေါက်တာ ​ဒေါ်​ဝေ​ဝေသာက ​တောင်ငူ အန်အယ်လ်ဒီက ဦး​အောင်စိုး​မြင့်​နဲ့​ယှဉ်ပြိုင်မှာပါ။

ကြံ့​ခိုင်​ရေး​ပါတီဌာနချုပ်က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​တင့်​ဇော်က​တော့​ ပြည်သူလူထုက လက်ခံပြီး​ နိုင်မယ့်​သူ​တွေကို ​ရွေး​ချယ် ယှဉ်ပြိုင်​စေတာဖြစ်တယ်လို့​ပြောပါတယ်။

ကြံ့​ခိုင်​ရေး​ပါတီဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ​တော့​ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်နဲ့​ ပြည်နယ်တိုင်း​ဒေသကြီး​လွှတ်​တော် ၃ရပ်စလုံး​မှာ ရှိတဲ့​ အမတ်​နေရာ ၁၁၅၄ ​နေရာအနက် ၈၈၂ ​နေရာ ရရှိခဲ့​ပြီး​ ရာခိုင်နှုန်း​အား​ဖြင့်​ ၇၆ ရာခိုင်နှုန်း​ကျော် အနိုင်ရထား​တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013