တောင်ကြီးမြို့နယ်က ရိုးရာဓလေ့ မီးလုံးပစ်ပွဲတော် (ရုပ်သံ)
DVB
·
May 19, 2017
ရှမ်းပြည်နယ်ရဲ့ ရိုးရာ အလေ့အထ တခုဖြစ်တဲ့ မီးလုံး (လုဖိုင်) ပစ်ပွဲတော်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ထီဟော်ဆိုတဲ့ ပအိုဝ်းကျေးရွာမှာ ဒီနေ့ ကျင်းပနေပါတယ်။
မီးလုံး ပစ်ပွဲဆိုတာ အဖွဲ့လိုက်ပြိုင်ဆိုင်ကြရတဲ့ ရိုးရာ ပျော်ပွဲရွှင်ပွဲတခုဖြစ်ပြီး သတ်မှတ်ထားတဲ့ တောင်ကုန်း၊ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်း ကျရောက်တဲ့အဖွဲ့က အနိုင်ရမှာဖြစ်ပါတယ်။
ပိဿာချိန်တစ်ဆယ် လောက်ရှိတဲ့ မီးလုံးကို ၃၊ ၄၊ ၅ မိုင်ရောက်အောင် ပစ်လွှတ်ကြတာ ဖြစ်ပါတယ်။
ရိုက်ကူး - တို့ပြည်တို့မြေ အစီအစဉ်