A d v e r t i s e m e n t With Us

အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင် EXPRESS ယာဉ်နှစ်စီး တိုက်မိ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်  ၅၁ အနီးမှာ ဒီနေ့ မနက် ၂ နာရီခွဲလောက်က ခရီးသည်တင် EXPRESS ယာဉ်နှစ်စီးတိုက်မိပြီး သံဃာတစ်ပါးအပါအဝင် ခရီးသည် ၆ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဘောနီအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ကနေ ရန်ကုန်ကို အောင်သူမောင်းနှင်လာတဲ့ ရွှေနတ်သားယာဉ်ဟာ ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး လားရာတူ ရှေ့က မောင်းနှင်နေတဲ့ စိန်ကမ္ဘာ-ငွေကမ္ဘာ ယာဉ်ရဲ့ နောက်ပိုင်းကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေနတ်သား ယာဉ်ဟာလမ်းဘေးရောက်သွားခဲ့ပြီး  စိန်ကမ္ဘာ-ငွေကမ္ဘာကတော့ လမ်းပေါ်မှာသာ ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေနတ်သားယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၈ ဦးထဲက သံဃာ ၁ ပါးအပါအဝင် အမျိုးသား ၆ ဦးဒဏ်ရာရရှိခဲ့လို့ ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့ရပြီး အသက်အန္တရာယ်ဆိုးရိမ်စရာမရှိဘူးလို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဘောနီ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ရွှေနတ်သား ယာဉ်မောင်း အောင်သူကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ ၃၃၇/၃၃၈/၂၀၂ တို့နဲ့  အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း) ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

A d v e r t i s e m e n t With Us

More News
Up