သူရဦးတင်ဦး ကျန်းမာရေး အမြန်ကောင်းမွန်စေရေး မန္တလေး ဆုတောင်းပွဲ (ရုပ်သံ)
DVB
·
May 18, 2017
by dvburma
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယကကြီး သူရဦးတင်ဦးရဲ့ ကျန်းမာရေး အမြန်ဆုံးကောင်းမွန်စေဖို့အတွက် ဆုတောင်းပွဲကို မေ ၁၈ ရက် ညနေ ၅ နာရီက မန္တလေးမြို့ မဟာမုနိဘုရားကြီးရင်ပြင်တော်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း တက်ရောက်ခဲ့ပါတယ်။
ဦးတင်ဦး ကျန်းမာရေးအမြန်ဆုံးကောင်းမွန်စေဖို့အတွက် ဆုတောင်းပွဲကို မေ ၁၉ ရက်နေ့ ညနေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။