A d v e r t i s e m e n t With Us

သေနတ်ဖြင့်ပစ်သတ်ပေးရန် သေဒဏ်ကျအကျဉ်းသား၏ တောင်းဆိုမှု တရားရုံးငြင်းပယ်

ဂျေဒဗလျူ လက်ဖို့ဒ်။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာတရားရုံးက သေဒဏ်ကျခံသူ အကျဉ်းသားရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ပြီးတဲ့နောက် မေလ ၁၇ ရက်က အဲဒီအကျဉ်းသားကို သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီအကျဉ်းသားဟာ အသက် ၄၅ နှစ်အရွယ် ဂျေဒဗလျူ လက်ဖို့ဒ် ဆိုသူဖြစ်ပြီး သူက ဆေးထိုးသတ်တဲ့ သေဒဏ်အစား သေနတ်နဲ့ပစ်သတ်ပေးဖို့ တောင်းဆိုခဲ့တာကို ဂျော်ဂျီယာတရားရုံးက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်က ဂျော်ဂျီယာအကျဉ်းထောင်မှာ လက်ဖို့ဒ် သေဆုံးခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါတယ်။ လက်ဖို့ဒ်ဟာ ၁၉၉၂ ခုနှစ်က ဓားပြမှု၊ ဆရာဝန်တဦးအား သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ကျခံပြီးနောက် သေမိန့်ဆောင်မှာ ၂၅ နှစ်လောက် နေခဲ့ရပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ သေဒဏ်ကျခံသူတွေကို ဆေးထိုးပြီး သေဒဏ်ပေးကြောင်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up