Home
မြန်မာသတင်း
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသုံးပြီး လုပ်ငန်းများ မပြီးသေးသည့် မြို့နယ် ၁၀၀ ကျော် ကျန်သေး
နေဖြိုးဝင်း
·
May 18, 2017
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ မပြီးသေးတဲ့ မြို့နယ် ၁၀၃ မြို့နယ် ကျန်နေသေးကြောင်း  ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားလိုက်ပါတယ်။ မေလ ၁၈ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်မှာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အခုလို ပြောလိုက်တာပါ။ “၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးမှုရန်ပုံငွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ဒီနေ့ထိ ၂၂၃ မြို့နယ်က လုပ်ငန်းပြီးစီးကြောင်း တင်ပြခဲ့ပြီး ၁၀၃ မြို့နယ် တင်ပြဖို့ ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့ မြို့နယ်တွေအနေနဲ့ ဆောလျင်စွာ ပေးပို့ကြဖို့နဲ့ ပိုလျှံငွေတွေကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွေကတဆင့် နေပြည်တော်ရှိ ငွေတိုက်ဦးစီးဌာနကို အချိန်မီ ပြန်လည်အပ်နှံဖို့ ထပ်မံအသိပေးပြောကြားလိုပါတယ်။” ဒါ့အပြင် ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမှာ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို ခွင့်ပြုခဲ့ပြီးဖြစ်တဲ့အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ဖို့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ အဆိုပြုချက်တွေကို အချိန်မီ တင်ပြဆောင်ရွက်ဖို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024