Home
မြန်မာသတင်း
လုပ်ခလစာ အပြည့်အဝရရှိရန်နှင့် အလုပ်သမားအခွင့်အရေးတချို့ ရရှိရန် တောင်းဆို
စိုးမိုးအောင်
·
May 18, 2017
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ Join-Profit (Myanmar)Garment အထည်ချုပ်စက်ရုံက အလုပ်သမား ၃၅၀ လောက်ဟာ အခြေခံလုပ်ခလစာ အပြည့်အဝမရရှိဘဲ စက်ရုံအတွင်း အလုပ်သမားအခွင့်အရေးတချို့ မရရှိတဲ့အပေါ် မေလ ၁၇ ရက်ကစတင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်အတိုင်း မလုပ်ဆောင်တာ၊ စက်ရုံ အလုပ်သမားတွေကို ရိုင်းပျစွာဆက်ဆံပြောဆိုတာ၊ ခွင့်ယူတဲ့အခါ ရက်မှန်ကြေး၊ ရှားပါးစာရိတ် တလ ၅ ထောင်ဖြတ်တောက်တာ၊ အပိုကြေး ဖြတ်တောက်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ စက်ရုံလုပ်သားတွေကို အနိမ့်ဆုံးလုပ်ခလစာ ၁၈၀၀ ကျပ်ကနေ အမြင့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်သာရရှိနေပါတယ်။ အချိန်ပိုကြေးအဖြစ် ၁ နာရီကို ၄၅၀ ကျပ်ကနေ အမြင့်ဆုံး ၉၀၀ ကျပ်အထိပေးတယ်လို့ ဆိုပါတယ်။ အလုပ်ရှင်ဘက်က မေလ ၁၇ ရက်ကစပြီး ၁၈ ရက်နေ့အထိ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကြေညာချက် ၂ ကြိမ်ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024