လိင်တူဆက်ဆံသည့် အမျိုးသားနှစ်ဦးကို ကြိမ်ဒဏ် ၈၅ ချက် အပြစ်ပေး (ရုပ်သံ)
Published By
DVB | 18 May, 2017
856
0
Share
0
Comment
0
Likes
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လိင်တူဆက်ဆံတဲ့ အမျိုးသားနှစ်ဦးကို မေလ ၁၇ ရက်နေ့က ကြိမ်ဒဏ် ၈၅ ချက် အပြစ်ပေးလိုက်ပါတယ်။
ကြိမ်ဒဏ် ၈၀ ပဲ ပေးဖို့ ရှေ့နေတွေက တင်ပြခဲ့ပေမယ့် တရားသူကြီးက ပိုပြင်းထန်တဲ့ ကြိမ်ဒဏ် ၈၅ ချက် ချမှတ်လိုက်တာပါ။
အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ မူဆလင်အများဆုံးနေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး ၂၀၁၄ ကစလို့ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် တရားဝင် သတ်မှတ်ထားပါတယ်။
အာချေးပြည်နယ်မှာ နိုင်ငံတော်က တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအပြင် ရှာရီးယာ ဥပဒေကိုလည်း ပူးတွဲကျင့်သုံးလေ့ရှိကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။