Homeမြန်မာသတင်း
ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ရန် ဆွေးနွေးပွဲကျင်းပ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ရန် ဆွေးနွေးပွဲကျင်းပ
ထွန်းထွန်းသိန်း
·
May 18, 2017
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ United Nations Global Compact Network Myanmar က ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပူးပေါင်း ပါဝင်လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးနေကြတာပါ။
‘ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ’ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။ မေလ ၁၃ ရက်နေ့က မော်လမြိုင်မြို့၊ မေလ ၁၅ ရက်နေ့က ဘားအံမြို့မှာ ဆွေးနွေးခဲ့သလို မေလ ၁၈ ရက်နေ့ကလည်း ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ဆွေးနွေးခဲ့ပါတယ်။