Home
မြန်မာသတင်း
မူးယစ်ဆေးပြားများနှင့် သေနတ် ၁ လက် ရေးမြို့နယ်တွင် ဖမ်းမိ
DVB
·
May 18, 2017
ရေးမြို့နယ်မှာ မူးယစ်ဆေးပြားတွေနဲ့အတူ ခြောက်လုံးပြူးသေနတ် ၁ လက် မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ရဲအရာရှိက ပြောပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် ရဲမှူးနဲ့ တာဝန်ရှိ ပူးပေါင်းအဖွဲ့ဟာ မေ ၁၇ ရက် ညနေ ၆ နာရီက မူးယစ်ဆေးဝါးနဲ့ ဘိန်းစာရွက်တွေ သုံးစွဲဖြန့်ဖြူးရောင်းချတဲ့ သတင်းအရ ကလော့ကျေးရွာ အကွက်၂၀ ဒေါ်ဝေ ရဲ့ အိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။ ဒေါ်ဝေရဲ့အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်ရှိနေသူ လင်းဇော်၊ လင်းထက်၊ ကျော်ဟန်ဌေး၊ တေဇာလွင် တို့ကိုတွေ့ရှိရာ WY စာတမ်း ပါ ၁၀ ပြား၊ R စာတမ်းပါ ၁ ပြား၊ အသုံးပြုတဲ့ပြောင်းတံ ၆ ခု၊ မီးခြစ် ၁ လုံး ဘိန်းစားရွက် အစိမ်းရောင် ၂၃ ရွက်၊ ခြောက်လုံးပြူး ဆုံလည် (၃၈) ဗို့သေနတ် ၁ လက်၊ ကျည် ၃ တောင့် ကျပ်ငွေ ၁၃ သိန်းကျော် ရှာဖွေသိမ်းဆည်း ရမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ရေးမြို့မ ရဲစခန်းက ဒေါ်ဝေ (ခ) ဒေါ်ခင်ဝေ နဲ့အတူ ဆက်စပ်တရားခံတွေဖြစ်တဲ့ လင်းထက်၊ လင်းဇော်၊ ကျော်ဟန်ဌေး၊ တေဇာလွင်တိကို့ကို (ပ)၁၈/ ၂၀၁၇ မူး/စိတ်ပြောင်း ဥပဒေပုဒ် မ-၁၅/၁၆ (ဂ)/၂၀ (က)/၂၂( ခ)အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024