DVB Logo
Home
မြန်မာသတင်း
The Lady ရုပ်ရှင် ထိုင်း​နိုင်ငံတွင် ရုံတင်ပြီ
DVB
·
February 2, 2012
Donate to DVB

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ ရိုက်ကူး​တင်ပြထား​တဲ့​ The Lady ရုပ်ရှင် ထိုင်း​နိုင်ငံမှာ ရုံတင်ပြသ​နေပါတယ်။

The Lady ရုပ်ရှင်ကား​ကို ထိုင်း​နိုင်ငံအနှံ့​က Major Cineplex ရုပ်ရှင်ရုံ​တွေမှာ ​ဖေ​ဖော်ဝါရီလ ၂ ရက်ကစပြီး​ တပြိုင်တည်း​ ပြသ​နေတာပါ။ ဒီရုပ်ရှင်ကား​ကို ဘန်​ကောက်မြို့​ စယမ်ဖာဝါလိုင် ရုပ်ရှင်ရုံမှာ ဇန်နဝါရီလ ၃၁ ရက်​နေ့​က ဖွင့်​ပွဲကျင်း​ပခဲ့​တာပါ။

ဒီဖွင့်​ပွဲကို ရုပ်ရှင်ဒါရိုက်တာ လုခ်ဘက်စန်က ​ဒေါ်​အောင်ဆန်း​စုကြည်အဖြစ် သရုပ်​ဆောင်သူ မင်း​သမီး​ မစ်ချယ်ယိုတို့​နဲ့​အတူ ထိုင်း​ဝန်ကြီး​ချုပ် မစ္စရင်လတ်ရှင်နာဝါထရာ တက်​ရောက် ဖွင့်​လှစ်ခဲ့​ကြပါတယ်။

The Lady ရုပ်ရှင်ကား​မှာ ထိုင်း​နိုင်ငံ Siam Movie ကုမ္ပဏီရဲ့​ အစီအစဉ်နဲ့​ မြန်မာနိုင်ငံသား​တွေကိုလည်း​ သရုပ်​ဆောင်​တွေအဖြစ် ​ရွေး​ချယ်ရိုက်ကူး​ခဲ့​တာ ဖြစ်ပါတယ်။

ထုတ်လုပ်​ရေး​ ညှိနှိုင်း​စီစဉ်​ဆောင်ရွက်သူ မစ္စစ်ပက်က ရုပ်ရှင်မှာ ပါဝင် သရုပ်​ဆောင်တဲ့​ မြန်မာသရုပ်​ဆောင်​တွေ သရုပ်​ဆောင် ​ကောင်း​ကြတယ်လို့​ ဆိုပါတယ်။

အန်အယ်လ်ဒီပါတီ​ခေါင်း​ဆောင် တဦး​ဖြစ်သူ ဦး​ကြည်​မောင်အဖြစ် သရုပ်​ဆောင်ခဲ့​သူ ဆရာဦး​သိန်း​ဝင်း​က The Lady ရုပ်ရှင်နဲ့​ ပတ်သက်ပြီး​ ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ဒီမိုက​ရေစီ​ခေါင်း​ဆောင်​ပေါ့​နော်။ ​နောက် လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဘဝ တစိတ်တပိုင်း​က ရုပ်ရှင်အ​နေနဲ့​ ဖြစ်သွား​တဲ့​အခါမှာ။ တကမ္ဘာလုံး​က ​ဒေါ်စုရဲ့​ ဘဝ တစိတ်တပိုင်း​ကို အား​လုံး​ သိခွင့်​ရသွား​တဲ့​အတွက်။ ကျ​နော်တို့​ကြား​ရတာ ​တော်​တော် စိတ်​ကျေနပ် ပါတယ်ခင်ဗျ။ ဒီရုပ်ရှင်ကို သရုပ်​ဆောင်ရတာ ကျ​နော်အများ​ကြီး​ ဝမ်း​မြောက်ပါတယ်။”

ဒီရုပ်ရှင်ကို လာမယ့်​သီတင်း​ပတ် အလုပ်ပိတ်ရက်​တွေမှာ ကြည့်​ရှုအား​ပေး​ကြဖို့​ ထိုင်း​နိုင်ငံ​ရောက် မြန်မာအလုပ်သမား​တွေက ပြင်ဆင်​နေကြတယ်လို့​ မြန်မာအလုပ်သမား​ ကူညီ​ရေး​လုပ်​ဆောင်​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ရဲ့​ မဇာက ​ပြောပါတယ်။

“အခု ရုံတင်​နေပြီ။ ဒီမဟာချိုင်း​ Big C (ကုန်တိုက်) မှာ။ မြန်မာ​တွေက ခု လက်မှတ် ကြိုတင်သွား​ဝယ်ကြတယ်။ ကြည့်​ဖို့​။ တနင်္ဂ​နွေ​နေ့​ကျရင် လူတိုး​မှာ ​ကြောက်လို့​တဲ့​။ တနင်္ဂ​နွေ​နေ့​ကျရင် အလုပ်သမား​တွေအကုန် အလုပ်နား​ကြတယ်။ လူများ​မှာစိုး​လို့​ လက်မှတ်ကြိုတင် ဝယ်ထား​ကြတယ်။”

၂ နာရီ​ကျော်ကြာတဲ့​ The Lady ရုပ်ရှင်ကား​ကို ၂၀၁၀ ခုနှစ် ကုန်ပိုင်း​က ဘန်​ကောက်မှာ ရိုက်ကူး​ခဲ့​တာပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်အဖြစ် သရုပ်​ဆောင်တဲ့​ မစ်ချယ်ယိုဟာ တရုတ်သိုင်း​ကား​တွေ၊​ ရာဇဝင်ကား​တွေအပြင် ဂျိမ်း​စဘွန်း​ ကား​တွေနဲ့​ နာမည်ကြီး​ခဲ့​သူ ဖြစ်ပါတယ်။ သူဟာ မ​လေး​နိုင်ငံဖွား​ တရုတ်အမျိုး​သမီး​ဖြစ်ပြီး​ အင်္ဂလန်မှာ ကြီး​ပြင်း​သူဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ခင်ပွန်း​ မိုက်ကယ်အဲရစ်အဖြစ် Harry Potter ရုပ်ရှင်ကား​မှာ ပါဝင် သရုပ်​ဆောင်ခဲ့​သူ ​ဒေး​ဗစ်သျူး​လစ်စ်က သရုပ်​ဆောင်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013