A d v e r t i s e m e n t With Us

အဖွဲ့ချုပ်နာယက သူရဦးတင်ဦး ချော်လဲသတိလစ်ပြီး အရေးပေါ်ဆေးရုံတင်ရ

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မနေ့ မေလ ၁၇ရက် ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိသတိလစ်သွားခဲ့ တာကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ  ဆေးကုသမှုခံနေရပါတယ်။ ကနဦး ရွှေဂုံတိုင်ဆေးရုံကို တင်ပို့ခဲ့ရပြီး အဲ့ဒီကတစ်ဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဦးတင်ဦးဟာ မနေ့ညကတည်းက အခု မနက် ၈ နာရီ ၂၀ မိနစ်အချိန်အထိ သတိလစ်နေခဲ့ပြီး  ၈ နာရီ မိနစ် ၄၀ မှာတော့ သတိပြန်လည်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ဦးခေါင်းကို ဓာတ်ပုံရိုက်ဖို့အတွက် ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ဆောင်ကနေ ဓာတ်မှန်ဌာနကို ခေါ်ဆောင်သွားပါတယ်။ သတင်း၊ ဓာတ်ပုံ = ပြည့်ဘုန်းအောင်  

A d v e r t i s e m e n t With Us

More News
Up