DVB Logo
Home
မြန်မာသတင်း
ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား
DVB
·
February 2, 2012
ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား
Donate to DVB

ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်စုမှာ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက ညွှန်ကြား​လိုက်ပါတယ်။

[caption id="attachment_20714" align="alignleft" width="300" caption="ဦးခင်​ရွှေ"][/caption]

ဦး​ခင်​ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ လွန်ခဲ့​တဲ့​ ၂၀၁၀ ဧပြီလက လယ်သမား​တွေလုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။

ဒီစက်မှုဇုန် စီမံကိန်း​နဲ့​ ပတ်သက်လို့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက တိုင်ကြား​ခဲ့​ပြီး​တဲ့​နောက် အဲဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ရဲ့​ ညွှန်ကြား​ချက်ကို ​ဇေကမ္ဘာ ကုမ္ပဏီမန်​နေဂျာ ဦး​မြင့်​ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်​နေ့​မှာ ဖတ်ပြပါတယ်။

ရန်ကုန်တိုင်း​ ​ဒေသကြီး​အစိုး​ရရဲ့​ ညွှန်ကြား​ချက်မှာ စက်မှုဇုန်​ဖော်​ဆောင်ခွင့်​ ပြသဖို့​ လယ်​မြေ​ပေါ်မှာ စက်မှုဇုန် လုပ်ခွင့်​ မရှိတာ​ကြောင့်​ သီး​စား​ချထား​ပေး​တာကို ပြန်လည်ရုပ်သိမ်း​မှာ ဖြစ်တဲ့​အ​ကြောင်း​ ပါရှိပါတယ်။

တကယ်လို့​ မလိုက်နာရင် အ​ရေး​ယူခံရမယ် ဆိုတဲ့​စာသား​ကို စာလက်ဝယ်ရထား​သူ လယ်သိမ်း​ခံရတဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ခုလို ဖတ်ပြပါတယ်။

“ခွင့်​ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေပါက လယ်​မြေကို ဖျက်ဆီး​ခြင်း​ဟု သတ်မှတ်၍ အ​ရေး​ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်တဲ့​။”

ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရက ​ဇေကမ္ဘာကုမ္ပဏီ မန်​နေဂျာကို မ​ခေါ်ခင်မှာ ​ဇေကမ္ဘာဥက္ကဋ္ဌ ဦး​ခင်​ရွှေနဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​ရွှေသီဟတို့​ကို ဆင့်​ခေါ်​ပေမယ့်​ မွန်ပြည်နယ် ဘီး​လင်း​မြို့​ ကျိုက်ထီး​ဆောင်း​စေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်က​နေ ၂၇ အထိ ပဉ္စင်း​ဝတ်​နေတာ​ကြောင့်​ မလာ​ရောက်နိုင်ခဲ့​တာလို့​ ဆိုပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်လို့​ ​ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ​တွေကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​ရက်ပိုင်း​အထိ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဘူဒိုဇာနဲ့​ ထိုး​ဖျက်​နေရာက​နေ အခုရက်ပိုင်း​မှာ​တော့​ ရပ်နား​ထား​တယ်လို့​ လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်က ​ပြောပါတယ်၊​။

“သူတို့​ နှစ်တိုင်း​ တာဝန်​ကျေစပါး​တွေ၊​ ကျ​နော်တို့​ သီး​ထပ်တင်တဲ့​အချိန် သီး​ထပ်တင်တယ်။ စိုက်ဘဏ်တို့​ ရိတ်ဘဏ်တို့​ အကုန်လုံး​ထုတ်​နေကြ။ နှစ်တိုင်း​ထုတ်​နေကြ။ အခု သူဝင်လာ​နှောင့်​ယှက်မှ ဦး​တို့​ လယ်သမား​တွေ ဘာမှ မဖြစ်​တော့​ဘူး​။ တကယ့်​လယ်သမား​အစစ်ဆိုတာ ဦး​တို့​ လယ်သမား​ပါ။”

အဲဒီအချိန်က စစ်​ကောင်စီ​ခေတ်ဖြစ်ပြီး​ လယ်​မြေ​တွေကို နိုင်ငံ​တော်ပိုင်​မြေအဖြစ် သိမ်း​မယ်လို့​ သတင်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်တာ​ကြောင့်​ လယ်သမား​တွေက ဆုံး​မယ့်​အတူတူ ကျပ် ​ငွေ ၃ သိန်း​ ရတာကိုပဲ ​ကျေး​ဇူး​တင်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် ဦး​ခင်​ရွှေကိုယ်တိုင် စင်​ပေါ်တက်ပြီး​ ဒီ​မြေ​တွေမှာ ဆက်လက်လုပ်ကိုင်ခွင့်​ ရှိတယ်လို့​ လယ်သမား​တွေကို ကတိပြုပြီး​ မကြာခင်မှာ လုပ်ခွင့်​မ​ပေး​တော့​ဘူး​လို့​ ၁၄ ဧက ဆုံး​ရှုံး​ခဲ့​တဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ​ပြောပါတယ်။

“ပိုက်ဆံ​ပေး​တာက ကရုဏာ​ကြေး​ပေး​တာတဲ့​၊​ လယ်ဝယ်တာမဟုတ်ဘူး​တဲ့​။ ဦး​ခင်​ရွှေကိုယ်တိုင် ​ပြောသွား​တာပဲ။ လယ်သမား​တွေ ဘာမှ စိတ်မပျက်နဲ့​ ဒီတိုင်း​ပဲလုပ်စား​တဲ့​။ ကျမတို့​လည်း​ ဝမ်း​သာအား​ရ​ပေါ့​။ ယူပြီး​ တနှစ်​တောင် မရှိ​သေး​ခင် တခါတည်း​ တံစဉ်း​တွေ အကုန်ဖျက်ပြီး​ လယ်မလုပ်ခိုင်း​ဘူး​လေ။”

သူတို့​လယ်​မြေ​တွေဟာ တဧကကို ကျပ်​ငွေ သိန်း​ ၃၀ က​နေ သိန်း​ ၅၀ အထိ ​ပေါက်​နေတာ​ကြောင့်​ အစိုး​ရသစ်လက်ထက်မှာ သူတို့​လယ်​တွေမှာ ပြန်လုပ်ခွင့်​ပေး​ဖို့​ အကြိမ်ကြိမ်တိုင်တန်း​ခဲ့​တယ်လို့​ ဦး​ကျော်စိန်က ​ပြောပါတယ်။

တား​မြစ်ခံရတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ စက်မှုဇုန်ဟာ ​ဒေသခံလယ်သမား​တွေ နှစ် ၂၀ ခန့်​ လုပ်ကိုင်စား​သောက်တဲ့​ ​မြေဖြစ်တယ်လို့​ လယ်ဆုံး​ရှုံး​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013