A d v e r t i s e m e n t With Us

ညောင်လေးပင်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ နယ် ပြွန်တန်ဆာဒေသ ပင်တလဲကျောင်းကွေ့မှာ မနေ့ညနေပိုင်းက ယာဉ်တိုက်မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့ပါတယ်။ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၉၃/၁) နားမှာ မန္တလေးဘက်ကိုလာတဲ့ ဆိုင်ကယ်တစီးနဲ့ မျက်နှာချင်းဆိုင်လာတဲ့ ဦးမြင့်ဦးမောင်းနှင်တဲ့ ၂၂ ဘီးနောက်တွဲယာဉ်တို့ လမ်းအလယ်မှာ မျက်နှာချင်းဆိုင် တိုက်မိကြတာဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းသူ ဦးထွန်းလွင် လည်ပင်ရိုးကျိုးဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးပြီး နောက်ကလိုက်ပါလာတဲ့ ဦးနေ၀င်းကိုတော့ ပြွန်တန်ဆာတိုက်နယ်ဆေးရုံမှာ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ကုသနေပါတယ်။ ပြွန်တန်ဆာနယ်မြေစခန်းက ဆိုင်ကယ်မောင်းသူ ဦးထွန်းလွင်(သေဆုံး) နဲ့ ၂၂ ဘီးနောက်တွဲ ယာဉ်မောင်း ဦးမြင့်ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က) (ပေါ့လျော့ခြင်းဖြင့် သေစေမှု)၊ ပုဒ်မ-၃၃၈ (အပြင်းအထန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up