Home
သတင်းဓာတ်ပုံ
ဖေ့စ်ဘွတ်ခ်ပေါ် နာမည်ကြီးနေသည့် ဦးပိန်တံတားပေါ်မှ မြန်မာပုဆိုးဝတ် ကိုရီးယားမလေးများ (ဓာတ်ပုံ)
DVB
·
May 17, 2017
18486032_1900835926806227_525540737556694642_n
18447244_1900835940139559_5140709268882903390_n
18446591_1900835930139560_1341882162561819630_n
18425344_1900835996806220_2893031495210730554_n
မန္တလေးမြို့ရဲ့ နာမည်ကျော် ဦးပိန်တံတားပေါ်မှာ မြန်မာပုဆိုးတွေဝတ်ပြီး လည်ပတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသူ မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေဟာ လတ်တလော ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီပုံတွေကို မေလ ၁၅ ရက်နေ့က We Are Myanmar အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး “လုံချည်ဝတ်ချင်လို့ မြန်မာပြည် အရောက်လာခဲ့တဲ့ ကိုရီးယားသူလေးတွေပါ။ ထဘီဝတ်ပါလို့ပြောတော့ (ဝတ်ဘူး)တဲ့😜😜” လို့ ရေးသား ဖော်ပြထားခဲ့တာပါ။ အပေါ်က တီရှပ်နဲ့ ပုဆိုးတွေဝတ်ထားခဲ့တဲ့ ဦးပိန်တံတား နောက်ခံရှုခင်းတွေနဲ့ သူတို့ ၃ ယောက်ရဲ့ ပုံတွေဟာ ဝင်ရောက်ကြည့်ရှုသူတွေ၊ ပြန်လည်မျှဝေသူတွေနဲ့ ရေပန်းစားနေခဲ့တာပါ။ တချို့ကလည်း “ချစ်စရာ ကြည့်ကောင်းတယ်။ အမြင်ဆန်းတယ်” လို့ ဝေဖန်မှတ်ချက်တွေ ပေးခဲ့ကြပြီး တချို့ကလည်း “လာနောက်နေသလိုပဲ” စသဖြင့် မှတ်ချက်တွေ ရေးခဲ့ကြတာကို တွေ့ရပါတယ်။ ဓာတ်ပုံ - We Are Myanmar  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024