Home
မြန်မာသတင်း
ရေးမြို့နယ် ကဗျာဝပင်လယ်ကမ်းခြေကို ဆက်သွယ်ထားသည့် ကတ္တရာလမ်းသစ် ဖွင့်လှစ်
DVB
·
May 16, 2017
မွန်ပြည်နယ် ရေးမြို့နယ်ရဲ့ အထင်ကရ ပင်လယ်ကမ်းခြေများအနက် တခုဖြစ်တဲ့ ကဗျာဝ ပင်လယ်ကမ်းခြေကို ဆက်သွယ်ထားတဲ့ ရေး-ခေါဇာ-ကဗျာဝကျေးရွာရှိ ပင်လယ်ကမ်းခြေ ကတ္တရာလမ်းသစ်ဖွင့်ပွဲကို မေ ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်နဲ့ တာဝန်ရှိသူတို့က ဒီနေ့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ ကတ္တရာလမ်းသစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရဲ့ ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၅၉ ဒသမ ၅၃၉ သန်းဖြင့် ကတ္တရာလမ်း ၂ မိုင် ၃ ဖာလုံ၊ အကျယ် ၁၂ ပေရှိကာ Dragon Power က တာဝန်ယူခင်းကျင်းပေးခဲ့တယ်လို့ မြို့နယ် နတလရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အရင်က ကဗျာဝ ပင်လယ်ကမ်းခြေကို ခရီးသွားပြည်သူတွေ သွားလာရာမှာ အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒေသထွက်ကုန် ကွမ်းသီး၊ ရာဘာ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ထွက်ကုန်တွေ သယ်ယူပို့ဆောင်ရာမှာလည်း အချိန်ကြန့်ကြာမှု ရှိခဲ့ပေမယ့် အခုလို ကတ္တရာလမ်းသစ် ခင်းကျင်းပေးတာဟာ ခရီးသွားလုပ်ငန်းနဲ့ ဒေသစီးပွားရေး ဖွံ့ဖြိုးအား ကောင်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024