Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 16, 2017
စိန်တလုံး သရက်သီး မူဆယ် ကုန်စည်ဒိုင်မှာ စိန်တလုံး အိတ်စွပ်သရက်သီးက ဒီနေ့မှာ ၁၆ ကီလို ၁ ခြင်းကို ငွေကျပ် ၅ထောင်ကျော် ဈေးကျဆင်းသွားပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁ ခြင်းကို ၁သောင်း ၄ထောင် ၄ရာ ကနေ ၁သောင်း ၇ထောင့် ၃ရာကျပ် ဈေးရှိပါတယ်။ မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၂သောင်း ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၉သိန်း ၇သောင်း ပေါက်ဈေး ရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၆သိန်း ၇သောင်း ၉ထောင်ကျပ် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ငွေ ကျပ် ၈ထောင် ဈေးတက်လာပါတယ်။ ကြက်သွန်နီ(မြစ်သား) ကြက်သွန်နီ(မြစ်သား) အမျိုးအစားက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၆၀၀ ကနေ ၈၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၄၀၀ ဈေး ကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်) ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ဈေးက ၃၇၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ငရုတ်ရှည် ငရုတ်ရှည်က ဒီနေ့မှာ ၁ ပိဿာကို ၃၃၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၅၀ ကျဆင်းသွားပါတယ်။ ပဲပုတ် (ရှမ်း) မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၆သောင်း ၁ထောင် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးကျဆင်းသွားပါတယ်။ မြေပဲလုံးဆံနီ မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၂၇၅ ကျပ်ကနေ ၂၃၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024