DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်၏ မန္တ​လေး​လူထု​ဟော​ပြောပွဲ မိုင်တာကွင်း​ကို ​ပြောင်း​ရွှေ့​ပြုလုပ်ရန် တင်ပြ
DVB
·
February 1, 2012
ဒေါ်​အောင်ဆန်း​စုကြည်၏ မန္တ​လေး​လူထု​ဟော​ပြောပွဲ မိုင်တာကွင်း​ကို ​ပြောင်း​ရွှေ့​ပြုလုပ်ရန် တင်ပြ
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီလ ၄ ရက်နဲ့​ ၅ ရက်​နေ့​တွေမှာ သွား​ရောက်မယ့်​ မန္တ​လေး​ခရီး​စဉ်အတွင်း​ လူထု​ဟော​ပြောပွဲကို မန္တ​လေး​မြို့​ရှိ မိုင်တာကွင်း​မှာ ကျင်း​ပပြုလုပ်ဖို့​ ​ကော်မရှင်ကို တင်ပြထား​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။

အရင်က ဗထူး​အား​ကစား​ကွင်း​မှာ ပြုလုပ်ဖို့​စီစဉ်ခဲ့​ပေမယ့်​ မြန်မာနိုင်ငံ​ဘောလုံး​ အဖွဲ့​ချုပ်က ခွင့်​မပြုတာ​ကြောင့်​ ​ပြောင်း​ရွှေ့​ကျင်း​ပပြုလုပ်ဖို့​ စီစဉ်ရတာလို့​ ဒီခရီး​စဉ်ကို စီစဉ်​ပေး​နေတဲ့​ အဖွဲ့​ချုပ် ဗဟိုဦး​စီး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“ဗထူး​ကွင်း​က ကျ​နော်တို့​သိတာက အား​ကစား​ဝန်ကြီး​ဌာနက​နေ သူတို့​ မြန်မာနိုင်ငံ​ဘောလုံး​အဖွဲ့​ချုပ်ကို နှစ်ချုပ်နဲ့​ ငှား​ထား​ပြီး​သား​တဲ့​။ အဲဒီ ကို​ဇော်​ဇော်က မ​ပေး​တာဗျာ။ အ​ကြောင်း​အမျိုး​မျိုး​ ပြပြီး​တော့​ပေါ့​။ ၄ ရက်​နေ့​ ကျ​နော်တို့​ အဲဒီမှာ လုပ်ခွင့်​မရဘူး​။ ကျ​နော်တို့​က အခု မန္တ​လေး​တောင်​ခြေ​ပေါ့​။ မိုင်တာကွင်း​ကို လက်ခံကျင်း​ပဖို့​ စာတင်ထား​တယ်။”

အန်အယ်လ်ဒီ ပါတီအ​နေနဲ့​ အခုလို လူထု​ဟော​ပြောပွဲလုပ်ဖို့​ နိုင်ငံ​ရေး​ပါတီများ​ လုပ်ထုံး​လုပ်နည်း​ ဥပ​ဒေ​တွေနဲ့​အညီ တိုင်း​ကော်မရှင်ကို ၁၀ ရက် ကြိုတင် ​လျှောက်ထား​ခဲ့​တာဖြစ်ပြီး​ ခွင့်​ပြု မပြုကို ​ကော်မရှင်က ​ဟော​ပြောပွဲမလုပ်ခင် ၄၈ နာရီ ကြိုတင် အ​ကြောင်း​ကြား​မယ်လို့​ ​ပြောကြား​ထား​ကြောင်း​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ပြီး​ခဲ့​ရက်ပိုင်း​တွေကလည်း​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ နိုင်ငံ​ရေး​ပါတီ​တွေ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​တွေအ​နေနဲ့​ ​ကော်မရှင်က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေ​တွေအတိုင်း​ လိုက်နာပြီး​ မဲဆွယ်စည်း​ရုံး​မှု​တွေ လုပ်ဖို့​ ထုတ်ပြန်​ကြေညာခဲ့​ပါတယ်။

ဒီလို ထုတ်ပြန်​ကြေညာလာတဲ့​အ​ပေါ်ကို အန်အယ်လ်ဒီပါတီရဲ့​ ဗဟို​အောင်နိုင်​ရေး​အဖွဲ့​ အတွင်း​ရေး​မှူး​ ဦး​ဥာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“အခုပါတဲ့​ သတင်း​စာ​တွေမှာ မကဘူး​။ ကျ​နော်တို့​ ခဏခဏလည်း​ သတင်း​မှာ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​ဆိုရင် ဘာပါရမယ် ဆိုတာမျိုး​ သူတို့​ပြဋ္ဌာန်း​ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​အစီရင်ခံထဲမှာ ဥပ​ဒေနဲ့​အညီ ပြည်​ထောင်စု​ကော်မရှင်က ​ဆောင်ရွက်တဲ့​လုပ်ငန်း​မှာ ကျ​နော်တို့​ကြိုဆိုပါတယ်။ ကျ​နော်တို့​ ဘယ်လိုမှ ကျ​နော်တို့​ကို လုပ်တယ်မထင်ပါဘူး​။ ဒါက ဥပ​ဒေနဲ့​အညီ ပြည်​ထောင်စု​ကော်မရှင်က သတိ​ပေး​တဲ့​သ​ဘောနဲ့​ ထုတ်​နေတာလို့​ ကျ​နော်တို့​ အဲ့​လိုပဲ နား​လည်တယ်။”

ဒါ့​အပြင် အန်အယ်လ်ဒီပါတီအ​နေနဲ့​ ​ကော်မရှင်က ပြဋ္ဌာန်း​ထား​တဲ့​ နိုင်ငံ​ရေး​ပါတီ ဥပ​ဒေ​တွေနဲ့​အညီသာ ​ဆောင်ရွက်​နေတယ်လို့​လည်း​ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ကလည်း​ ချို့​ယွင်း​ချက် မရှိ​အောင် ကြိုး​စား​ ​ဆောင်ရွက်​နေတယ်။ ဥပမာ မန္တ​လေး​ ခရီး​စဉ်ရှိတယ်။ ကျ​နော်တို့​ ​ဟော​ပြောမယ့်​ အများ​ပြည်သူ​နေရာကို တင်ပြ​တောင်း​ဆိုထား​တယ်။ ခွင့်​ပြုချက် မရရင် ကျ​နော်တို့​ မလုပ်ပါဘူး​။ အဲဒါမျိုး​ပေါ့​။ တတ်နိုင်သမျှ ဥပ​ဒေနဲ့​ ညီညွတ်​အောင် ကြိုး​စား​ပါတယ်။ ဥပ​ဒေနဲ့​အညီ ကြိုး​စား​ပေမယ့်​လို့​ ကျ​နော်တို့​ မရခဲ့​ရင်လည်း​ ​နောက်မှ ရက်​တွေ​ရွှေ့​ပြီး​ ပြန်လုပ်ရမှာ​ပေါ့​။”

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မန္တ​လေး​ခရီး​စဉ်အတွင်း​မှာ​တော့​ လူထု ​ဟော​ပြောပွဲပြုလုပ်မှာ အပါအဝင် မဟာ​အောင်​မြေမြို့​နယ် ရုံး​ခန်း​နဲ့​ ဓမ္မသာလာမှာ ကျင်း​ပမယ့်​ ဓာတ်ပုံပြပွဲ​တွေကို ဖွင့်​လှစ်​ပေး​ဖို့​ ရှိ​နေပါတယ်။

ဒါ့​အပြင် အန်အယ်လ်ဒီပါတီရဲ့​ ပညာ​ရေး​ကွန်ရက်က ဖွင့်​လှစ်ထား​တဲ့​ အ​မေ့​အိမ် အခမဲ့​စာသင်​ကျောင်း​၊​ အမရပူရမြို့​ရှိ အခမဲ့​ကုသိုလ်ဖြစ် ​ဆေး​ခန်း​တွေနဲ့​ တံတား​ဦး​မြို့​တွေကို သွား​ရောက်ဖို့​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013