Home
မြန်မာသတင်း
မုံရွာမြို့တွင် အုပ်စုဖွဲ့ ဆိုင်ကယ်နှင့် ခိုးနှိုက်သူများ ဖမ်းမိ
Aung Ko Latt
·
May 16, 2017
မေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက် ဘုရားနီလမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ မမြင့်မြင့်ခိုင်ကို အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ နောက်ကလိုက်လာပြီး ဆိုင်ကယ်လက်ကိုင်မှာ ချိတ်ထားတဲ့ ငွေ ၁ သိန်း ၂ သောင်း ၈ထောင့် ၅၀၀ ကျပ်နဲ့ ဖုန်းထည့်ထားတဲ့ အိတ်ကို လုယူထွက်ပြေးမှုဖြစ်ပေါ်ခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ လုယက်ခံရလို့ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းရာ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးပြီး ရဲတပ်ဖွဲ့လက် အပ်နှံခဲ့တာပါ။ လုနှိုက်ထွက်ပြေးသူတွေက မုံရွာမြို့ ကန်သာဦးရပ်ကွက်နေသူတွေ ဖြစ်တဲ့ အောင်ဇော်ဇော်(ခ)တရုတ်ကြီး (၂၀-နှစ်)နဲ့ မျိုးမင်းကျော်(ခ)မွှေးနီ(၁၆-နှစ်)တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဆက်လက်ပြီး ကွင်းဆက်တရားခံစုံစမ်းရာ ကြက်တော(ခ)ရဲဝင်းအောင် (၁၇-နှစ်)ကို သက်သေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ထပ်စုံစမ်းဖော်ထုတ်မှုတွေအရ ငွေ ၃ သောင်းကျပ်နဲ့ ဖုန်း ၁ လုံးပါ ဆလင်းဘတ်အိတ်တလုံး အပါအဝင် ပိုက်ဆံအိတ် ခိုးနှိုက်မှု ၆ မှုတို့ကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ ခိုးနှိုက်မှု ကျုးလွန်သူ ၃ ဦးကို မုံရွာမြို့မရဲစခန်းက (ပ)၅၆၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၉ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024