A d v e r t i s e m e n t With Us

ဒုက္ခသည်များ​ အိမ်ပြန်​ရေး​ မ​သေချာ​သေး

လိုင်​ဇာ​ေရာက်​ ​စစ်​ေြပး​ဒု​က္ခ​သည်​များ​
ကချင်ပြည်နယ်မှာ တပ်မ​တော်တပ်ရင်း​အချို့​ ပြန်လည် ရုပ်သိမ်း​သွား​ပေမယ့်​လည်း​ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း​မှာ ခိုလှုံ​နေတဲ့​ စစ်​ပြေး​ ဒုက္ခသည်​တွေက​တော့​ အိမ်မပြန်ရဲ​သေး​တဲ့​အတွက် ဒုက္ခသည် စခန်း​တွေထဲမှာ ဆက်ရှိ​နေမယ်လို့​ ဒုက္ခသည်များ​တွေကို ကူညီ​ပေး​နေတဲ့​ အဖွဲ့​တွေက ​ပြောပါတယ်။
လိုင်​ဇာ​ရောက်​ ​စစ်​ပြေး​ဒု​က္ခ​သည်​များ
တရုတ်-မြန်မာ နယ်စပ်မှာ ​နေထိုင်​နေတဲ့​ ဒုက္ခသည်အများ​စုဟာ အိမ်ပြန်ချင်​ပေမယ့်​လည်း​ အစိုး​ရ၊​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်၊​ ကုလသမဂ္ဂ စတဲ့​ အဖွဲ့​အစည်း​တွေထံက​နေ အာမခံချက် မရှိဘဲ အိမ်ပြန်​နေထိုင်ဖို့​ မဖြစ်နိုင်ဘူး​လို့​ လိုင်ဇာက ဒုက္ခသည်များ​ ကူညီကယ်ဆယ်​ရေး​ အဖွဲ့​ကွန်ရက်က ​ပြောပါတယ်။ ဒုက္ခသည်များ​ ကူညီကယ်ဆယ်​ရေး​ အဖွဲ့​များ​ ကွန်ရက် တာဝန်ခံ ကိုလာရစ်က​တော့​ စခန်း​ထဲက အ​ခြေအ​နေကို အခုလို ရှင်း​ပြပါတယ်။ “ဒုက္ခသည်​တွေက အခုသူတို့​က အရမ်း​ပြန်ချင်​နေကြပြီ။ ဒီမှာ သူတို့​က က​လေး​တွေကအစ အိမ်ပြန်သွား​ဖို့​ရှိတယ်။ အိမ်ပြန်ချင်ကြတယ်။ ဒါ​ပေမယ့်​ ပြန်ဖို့​လည်း​ ဘာမှအာမခံချက် မရှိပဲနဲ့​ သူတို့​ပြန်ဖို့​လမ်း​မရှိဘူး​။ သူတို့​လည်း​ အဲဒါ​ပြောတာပဲ၊​ ​နောက်ပြီး​ သူတို့​ပြောတာက ပြန်ဖို့​လည်း​ ဒီကအာမခံချက် တခုခု​ပေး​မှ အာမခံချက်တခုခုဆိုတာ အစိုး​ရကပဲလား​၊​ ဒါမှမဟုတ်ရင် ယူအန်ကဖြစ်မလား​၊​ ​ကေအိုင်အိုကဖြစ်မလား​၊​ ဒီလိုမှ အာမခံချက် မ​ပေး​ဘဲနဲ့​တော့​ သူတို့​ပြန်ဖို့​ဆိုတာ မလွယ်ဘူး​။ သူတို့​အတွက် ပြန်ဖို့​အ​ခြေအ​နေ မရှိဘူး​။” ​တောင်ယာစိုက်ထား​တဲ့​ ဒုက္ခသည်တချို့​က​တော့​ အရဲစွန့်​ပြီး​ မူရင်း​နေထိုင်တဲ့​ ​ဒေသ​တွေကို ခဏသွား​ရောက်တာ​တွေ ရှိ​ပေမယ့်​လည်း​ ပြန်​ရောက်လာပြီလို့​ သူက ဆက်​ပြောပါတယ်။ လိုင်ဇာနယ်စပ်တ​လျှောက် ဒုက္ခသည်စခန်း​ ၃၀ ​လောက်မှာ ဒုက္ခသည် ၄ ​သောင်း​ကျော် ရှိပြီး​ အကြီး​ဆုံး​ ဒုက္ခသည်စခန်း​တခုဖြစ်တဲ့​ လဂျာယန်း​မှာ​တော့​ ဒုက္ခသည် ၅၀၀၀ က​နေ ၇၀၀၀ ထိ ခိုလှုံ​နေတယ်လို့​ အဖွဲ့​က ​ပြောပါတယ်။ စစ်ပွဲ စတင်ဖြစ်ပွား​ခဲ့​တဲ့​ အချိန်ကတည်း​က ​ဆောက်လုပ်ထား​တဲ့​ ယာယီတဲ​တွေကို ကာရံထား​တဲ့​ မိုး​ကာ​တွေက ရာသီဥတု ဒဏ်နဲ့​ အချိန်​ကြောင့်​ စုတ်ပြဲလာတာ​ကြောင့်​ အသစ်လဲ​ပေး​ဖို့​ လိုအပ်​ပေမယ့်​လည်း​ ​ငွေ​ကြေး​ မလုံ​လောက်တဲ့​အတွက် အခက်အခဲ​တွေ ရှိ​နေတယ်လို့​ ကိုလာရစ်က ​ပြောပါတယ်။ တချို့​စခန်း​တွေက ကျဉ်း​မြောင်း​ပြီး​တော့​ လွတ်လပ်မှု မရှိတဲ့​အတွက် အချိန်ကြာလာတာနဲ့​အမျှ ဒုက္ခသည်​တွေက စိတ်ပိုင်း​ဆိုင်ရာ ပြဿနာ​တွေ ရင်ဆိုင်​နေရသလို ​ရေအခက်အခဲရှိ​နေတဲ့​ စခန်း​က က​လေး​တွေကလည်း​ ဝမ်း​ပျက် ဝမ်း​လျှော ​ရောဂါ​တွေ ဖြစ်​နေတယ်လို့​လည်း​ ကယ်ဆယ်​ရေး​ အဖွဲ့​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up