A d v e r t i s e m e n t With Us

WannaCry ဗိုင်းရပ်စ် တိုက်ခိုက်မှုကြောင့် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားရှိ လုပ်ငန်းအချို့ ထိခိုက်ခဲ့

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့အပတ်ကစပြီး ဥရောပမှာ တိုက်ခိုက်ခံခဲ့ရတဲ့ WannaCry ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်မှုကို အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယားမှာလည်း ခံခဲ့ရပါတယ်။ အာရှ အစိုးရရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းတချို့မှာ မေလ ၁၅ ရက်နေ့ကစပြီး WannaCry လို့ နာမည်ပေးထားတဲ့ rasomware အမျိုးအစား ငွေညှစ်တဲ့  ဗို်င်းရပ်စ်တမျိုး တိုက်ခိုက်ခံရပြီး ကွန်ပျူတာထဲမှာရှိနေတဲ့ ဖိုင်တွေကို ဖွင့်မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးကျွမ်းကျင်သူ ပညာရှင်တွေက ကွန်ပျူတာဖွင့်ပြီး အီးမေးလ် ဖတ်လိုက်တာနဲ့ ကူးစက်ခံရနိုင်တာကြောင့် နောက်ထပ်ကွန်ပျူတာအမြောက်အမြားကို ထိခိုက်သွားနိုင်ခြေရှိတယ်လို့ ပြောကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက အကြီးဆုံး ကင်ဆာကုသရေးဆေးရုံ ၁ ခုရဲ့ ကွန်ပျူတာတွေကို ဗိုင်းရပ်စ်မိခဲ့တာကြောင့် ရာနဲ့ချီတဲ့ လူနာတွေဟာ စောင့်ဆိုင်းခန်းမှာ ပြည့်နှက်သွားခဲ့ပါတယ်။ မွန်းလွဲချိန်မှာ တချို့ကွန်ပျူတာတွေ ပြန်ကောင်းသွားခဲ့ပေမယ့် တချို့ကိုတော့ သုံးလို့မရသေးဘူးလို့ သိရပါတယ်။ "အခုတော့ ကွန်ပျူတာစုစုပေါင်း ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိကတော့ အလုပ်လုပ်လို့ရပါပြီ။ ဗိုင်းရပ်စ်မိထားတဲ့ စက်တွေကနေ အင်တာနက်ကို ချိတ်ဆက်တာမျိုးတွေနဲ့ လူနာတွေရဲ့ ကျန်းမာရေးမှတ်တမ်းဖိုင်တွေကို ဖွင့်ကြည့်တာမျိုးတွေတော့ လုပ်လို့မရသေးဘူး" လို့ ဗိုင်းရပ်အကြီးအကျယ်မိခဲ့တဲ့ အင်ဒိုနီးရှား ဆေးရုံတရုံရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ တောင်ကိုရီးယားမှာလည်း ရုပ်ရှင်ရုံကုမ္ပဏီ CJ CGV ရဲ့ ကြော်ငြာဖိုင်တွေ သိမ်းဆည်းထားရာ ဆာဗာကွန်ပျူတာကို တိုက်ခိုက်ခံခဲ့ရပြီး ရုပ်ရှင်မပြခင် ပြသတဲ့ တချို့ကြော်ငြာတွေမှာ အဲဒီကြော်ငြာအစား ငွေညှစ်ဗိုင်းရပ်စ်ရဲ့ ပိုက်ဆံတောင်းတဲ့ စာတွေသာ ပေါ်လာပေမယ့် အဓိကပြသတဲ့ ရုပ်ရှင်တွေကိုတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ CGV ရုပ်ရှင်ရုံလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီ ငွေညှစ်တဲ့ ဗိုင်းရပ်စ်ဟာ ကွန်ပျူတာသုံးစွဲသူ အသုံးပြုနေတဲ့ဖိုင်တွေ၊ သိမ်းထားတဲ့ဖိုင်တွေကို ပြန်ဖွင့်မရအောင် လျှို့ဝှက်တွက်ချက်နည်း တမျိုးသုံးပြီး ဖိုင်တွေကို ဖွင့်မရအောင် ပိတ်ထားလိုက်တာပါ။ အဲဒီဖိုင်တွေကို အသုံးပြုမယ့်သူက ဖွင့်တဲ့အခါ ဖိုင်တွေကို ပြန်အသုံးပြုချင်တယ်ဆိုရင် ငွေပေးရမယ်လို့ ငွေညှစ်တဲ့အတွက် အဲဒီ ဗိုင်းရပ်စ်အမျိုးအစားကို ransomware ပြန်ပေး ဗိုင်းရပ်စ်လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်က နိုင်ငံပေါင်း ၁၅၀ ကျော်မှ စက်ရုံ၊ ဆေးရုံ၊ ကျောင်းနဲ့ ဈေးဆိုင်တွေက ကွန်ပျူတာပေါင်း ၂ သိန်းကျော်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီးမေးလ်ကတဆင့် ပျံ့နှံ့တာလို့ သိရပါတယ်။ အဲဒီဗိုင်းရပ်စ် တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာအများစုဟာ ခေတ်မမီတော့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ကွန်ပျူတာစနစ်တွေကို အသုံးပြုထားကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up