A d v e r t i s e m e n t With Us

နိုင်ငံတလွှား အောင်မြင်မှုရအောင် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတသစ် ကတိပြု

ဓာတ်ပုံ - ရိုက်တာ
သူ့ရဲ့ သမ္မတသက်တမ်း ၅ နှစ်အတွင်း ပြင်သစ်နိုင်ငံတလွှား အောင်မြင်မှုရအောင် ကြိုးပမ်းမယ်လို့ ပြင်သစ်သမ္မတသစ် မက်ခွန်က ပါရီမြို့သူမြို့သားတွေရဲ့ရှေ့မှောက်မှာ  ကတိပြု ပြောကြားခဲ့ပါတယ်။ ပြင်သစ်သမ္မတသစ် အီမန်နူရယ် မက်ခွန်က သမ္မတရာထူး လက်ခံတဲ့ မေလ ၁၄ ရက်နေ့မှာပဲ ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့ပြီး မြို့တော်ခန်းမမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။ ပါရီမြို့တော်ခန်းမအပြင်က ထောက်ခံသူတွေကို သွားရောက်နှုတ်ဆက်ခဲ့တဲ့ သမ္မတသစ် မက်ခွန်ကို ပါရီမြို့တော်ဝန် အန်း ဟီဒယ်ဂို (Anne Hidalgo) က ကြိုဆိုခဲ့ပါတယ်။ “ပြင်သစ်နိုင်ငံကို အုပ်ချုပ်ရတာဟာ အောင်မြင်နေတဲ့ နယ်မြေတွေကို ထိန်းသိမ်းရုံသက်သက် လုပ်ရတာ မဟုတ်ပါဘူး။ မြို့တိုင်း ခရိုင်တိုင်း ဒေသတိုင်း အောင်မြင်တဲ့နယ်မြေဖြစ်အောင်၊ သမ္မတနိုင်ငံ တင်းပြည့်ကျပ်ပြည့်ဖြစ်အောင်လုပ်ပြီး နိုင်ငံစည်းလုံးမှုရရှိအောင် လုပ်ယူရတာ ဖြစ်ပါတယ်။ ပြင်သစ်တနိုင်ငံလုံး စည်းလုံးညီညွတ်ရေးဟာ ကျေနာ့်ရဲ့ ဦးစားပေးတာဝန် ဖြစ်ပါတယ်။ "လာမယ့် ၅ နှစ်ကာလ စိန်ခေါ်မှုကတော့ နိုင်ငံမပြိုကွဲအောင် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ အဲဒါကို  ပြင်သစ်နိုင်ငံ  ရရှိထားတဲ့ အောင်မြင်မှုတွေ ပျံ့နှံ့စေခြင်း၊ ဖြစ်နိုင်ခြေတွေကို ပိုမြင်အောင်ကြည့်ခြင်း၊  Globalisation အသီးအပွင့်တွေကို နိုင်ငံသားတိုင်း ခံစားစေခြင်း နည်းလမ်းတွေနဲ့  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လာမယ့် ၅-နှစ် သက်တမ်းမှာ ပြင်သစ်နိုင်ငံ စည်းလုံးညီညွတ်မှုရှိဖို့၊ ကြောက်ရွံ့မှုတွေကို နားထောင်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့၊ ကျေန်ာတို့ မျိုးဆက်အတွက် ထိုက်တန်တဲ့နိုင်ငံကို ဖန်တီးပေးဖို့နဲ့ ကျနော်တို့အနာဂတ်အတွက် ပြင်ဆင်ဖို့တို့ဟာ စိန်ခေါ်မှုပဲဖြစ်ပါတယ်” လို့ သမ္မတသစ် မက်ခွန်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ သမ္မတသစ် မက်ခွန်က ဥရောပနဲ့ ကမ္ဘာမှာ ပြင်သစ်နိုင်ငံရဲ့ အခန်းကဏ္ဍ ပြန်လည်ရရှိအောင် ကြိုးပမ်းပြီး လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေတဲ့ ကွဲပြားမှုတွေကို ကုစားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up