Homeမြန်မာသတင်း
ကျောက်တန်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရှေးဟောင်း သုတေသန သွားရောက်လေ့လာ
ကျောက်တန်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရှေးဟောင်း သုတေသန သွားရောက်လေ့လာ
စိုးမိုးအောင်
·
May 15, 2017
ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာက ဘုရားကုန်းတော်ဟောင်းတွေ၊ ရေတွင်း၊ ရေကန်တွေကို ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ မေ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက ဒုဦးစီးမှူးဦးမင်းဟန်တို့ လာရောက်လေ့လာခဲ့ကြပါတယ်။
ရှေးခေတ် ပါဒဘုရင့်သမီးတော် နေထိုင်ခဲ့တဲ့ ဥယျာဉ်ရွာမှာ အရင်က ဘုရားကုန်း ၉ ကုန်း၊ ရေကန်ကြီး ၉ ကန်၊ ရေတွင်း ၉ တွင်း တည်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ ရေကန်ကြီး ၃ ကန်၊ ရေတွင်း ၂ တွင်းနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဘုရားကုန်းမြေတွေသာ ကျန်ရှိတော့ပါတယ်။
လက်ရှိမှာ ရေတွင်း ရေကန် တချို့ဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးလာတဲ့အတွက် ထိန်းသိမ်းပြုပြင်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။
ဒါ့အပြင် ကျောက်တန်းမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကို ဆက်လက် ဖော်ထုတ်သွားမယ်လို့ သူက ဆိုပါတယ်။