Home
မြန်မာသတင်း
ကျောက်တန်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရှေးဟောင်း သုတေသန သွားရောက်လေ့လာ
စိုးမိုးအောင်
·
May 15, 2017
ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာက ဘုရားကုန်းတော်ဟောင်းတွေ၊ ရေတွင်း၊ ရေကန်တွေကို ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ မေ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနက ဒုဦးစီးမှူးဦးမင်းဟန်တို့ လာရောက်လေ့လာခဲ့ကြပါတယ်။ ရှေးခေတ် ပါဒဘုရင့်သမီးတော် နေထိုင်ခဲ့တဲ့ ဥယျာဉ်ရွာမှာ အရင်က ဘုရားကုန်း ၉ ကုန်း၊ ရေကန်ကြီး ၉ ကန်၊ ရေတွင်း ၉ တွင်း တည်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိအချိန်မှာ ရေကန်ကြီး ၃ ကန်၊ ရေတွင်း ၂ တွင်းနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဘုရားကုန်းမြေတွေသာ ကျန်ရှိတော့ပါတယ်။ လက်ရှိမှာ ရေတွင်း ရေကန် တချို့ဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးလာတဲ့အတွက် ထိန်းသိမ်းပြုပြင်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ ဒါ့အပြင် ကျောက်တန်းမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကို ဆက်လက် ဖော်ထုတ်သွားမယ်လို့ သူက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024