A d v e r t i s e m e n t With Us

လူ့​အခွင့်​အ​ရေး​ကိုယ်စား​လှယ် တိုင်း​ရင်း​သား​ပါတီများ​နှင့်​ ​တွေ့​ဆုံမည်

ေသာမတ်စ်အိုေဟး ကင်​တာ​နား​
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကမ္ဘာ့​ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​ကိုယ်စား​လှယ် မစ္စတာ ​သောမတ်စ် အို​ဟေး​ ကွင်တား​နား​ Tomas Ojea Quintana ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေနဲ့​ ​တွေ့​ဆုံဖို့​ရှိပါတယ်။
ကင်​တာ​နား
မစ္စတာ ကင်တား​နား​က တိုင်း​ရင်း​သား​ပါတီ​တွေနဲ့​ ​တွေ့​ဆုံလိုတဲ့​အ​ကြောင်း​ ယူအန်ဒီပီ (ကမ္ဘာ့​ကုလသမဂ္ဂဖွံ့​ဖြိုး​ရေး​အစီအစဉ်) ရုံး​က​နေတဆင့်​ ဆက်သွယ်လာတဲ့​အတွက် ​ဖေ​ဖော်ဝါရီ ၃ ရက် ည​နေ ၄ နာရီခွဲက​နေ ၅ နာရီခွဲထိ ယူအန်ဒီပီရုံး​မှာ ​တွေ့​ဆုံကြမှာဖြစ်ပြီး​ တိုင်း​ရင်း​သား​ပါတီ​တွေအ​နေနဲ့​ အချက် ၃ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ တင်ပြသွား​မယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ပြောခွင့်​ရ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။ “ကျ​နော်တို့​ဘက်က​တော့​ အဓိကအား​ဖြင့်​ အချက် သုံး​ချက်​လောက်ကို ​ဆွေး​နွေး​ဖို့​ ရှိပါတယ်။ တစ်အချက်က ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အကုန်လုံး​ ပြန်လွှတ်​ပေး​ဖို့​၊​ နှစ်အချက် တိုင်း​ရင်း​သား​ဒေသမှာ ခံစား​နေရတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရမှု​တွေကို အမြန်ဆုံး​ ​ဖြေရှင်း​ပေး​ဖို့​၊​ သုံး​အချက်က​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်ပြီး​ တရား​မျှတမှုဖြစ်​အောင် ကျင်း​ပ​ပေး​ဖို့​နဲ့​ လွှတ်​တော်ထဲမှာ အများ​ဆန္ဒနဲ့​ မကိုက်ညီတဲ့​ တဖက်သတ်ဆန်တဲ့​ ဥပ​ဒေ​တွေကို ပြုပြင်သွား​နိုင်ဖို့​အတွက် ဒီကိစ္စ​တွေကို ဦး​စား​ပေး​ ​ဆွေး​နွေး​သွား​မှာ ဖြစ်ပါတယ်။” ကုလသမဂ္ဂကိုယ်စား​လှယ်နဲ့​ ရခိုင်ဒီမိုကရေစီအဖွဲ့​ချုပ်က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်၊​ ဇိုမီး​အမျိုး​သား​ကွန်ဂရက်က ဥက္ကဋ္ဌ ဦး​ပူကျင့်​ရှင်း​ထန်နဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​ခွန်ထွန်း​ဦး​တို့​လည်း​ သွား​ရောက်​တွေ့​ဆုံမယ်လို့​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။ တိုင်း​ရင်း​သား​ပါတီ​တွေအ​နေနဲ့​ မစ္စတာကင်တား​နား​နဲ့​ ​တွေ့​ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး​ ၂၀၁၀ ခုနှစ်တုန်း​ကလည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ ပထမအကြိမ် ​တွေ့​ဆုံမှုက တင်ပြတဲ့​ အချက်အလက်​တွေကို ကုလသမဂ္ဂမှာ တင်ပြခဲ့​တဲ့​အတွက် ကုလသမဂ္ဂအစီရင်ခံစာ​တွေမှာ မြန်မာနိုင်ငံ ပြုပြင်​ပြောင်း​လဲမှုရှိဖို့​ တိုက်တွန်း​ ဖိအား​ပေး​တာ​တွေ ရှိခဲ့​ပါတယ်။ ဒီတ​ခေါက်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​လွတ်​မြောက်ဖို့​နဲ့​ ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ပွင့်​လင်း​မြင်သာမှု​တွေ ရှိလာမယ်လို့​ ​မျှော်လင့်​ကြောင်း​၊​ ဖြစ်နိုင်ရင် မစ္စတာကင်တား​နား​ကို တိုင်း​ရင်း​သား​ဒေသ​တွေမှာပါ သွား​ရောက်​လေ့​လာ​စေလိုတဲ့​ ဆန္ဒရှိ​ကြောင်း​ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။ မစ္စတာ ကင်တား​နား​ဟာ ကချင်ပြည်နယ်နဲ့​ မွန်ပြည်နယ်ကိုလည်း​ သွား​ရောက်မယ်လို့​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။ မစ္စတာ ​သောမတ်စ် အို​ဟေး​ ကင်တား​နား​ဟာ မြန်မာနိုင်ငံကို မ​နေ့​ ( ဇန်နဝါရီ ၃၁ ရက်) က ​နေ့​လည်ပိုင်း​မှာ ​ရောက်ရှိလာပြီး​ ၆ ရက်ကြာ ​နေထိုင်ဖို့​ရှိပါတယ်။ ဒီက​နေ့​မှာ​တော့​ ​နေပြည်​တော်ကို သွား​ရောက်ပြီး​ အစိုး​ရအဆင့်​မြင့်​ တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံမယ်လို့​ ရန်ကုန်အ​ခြေစိုက် ကုလသမဂ္ဂရုံး​က ပြန်ကြား​ရေး​တာဝန်ခံ ဦး​အေး​ဝင်း​က ​ပြောပါတယ်။ အခုတ​ခေါက် ခရီး​စဉ်မှာ လူ့​အခွင့်​အ​ရေး​တိုး​တက်​ပြောင်း​လဲမှု ​တွေ့​ရှိချက်​တွေကို ​ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့​မှာ သတင်း​စာ ရှင်း​လင်း​ပွဲ လုပ်ပြီး​ ရှင်း​ပြသွား​မှာဖြစ်ပြီး​ အစီရင်ခံစာ အား​လုံး​ကို​တော့​ မတ်လမှာလုပ်မယ့်​ ၁၉ ကြိမ်​မြောက် လူ့​အခွင့်​အ​ရေး​ကောင်စီ ​ဆွေး​နွေး​ပွဲမှာ တင်ပြသွား​ဖို့​ ရှိတယ်လို့​ ကုလသမဂ္ဂ ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up