A d v e r t i s e m e n t With Us

အာရှပစိဖိတ် ​ဒေသစစ်​ရေး​လေ့​ကျင့်​မှု မြန်မာ​ရေတပ် ပါဝင်

စဈ​ရေး​လေ့​ကငျြ့​နေစဉျ
မြန်မာ​ရေတပ်ဟာ ဘင်္ဂလား​ပင်လယ်​အော်ထဲက ကပ္ပလီနဲ့​ နီကိုဘား​ကျွန်း​တွေမှာ အိန္ဒိယ ​ရေတပ်က ဦး​စီး​ပြီး​ ပြုလုပ်တဲ့​ ​ဒေသတွင်း​နိုင်ငံ ​တွေရဲ့​ စစ်​ရေး​လေ့​ကျင့်​မှုမှာ ပါဝင်​လေ့​ကျင့်​နေတယ်လို့​ အိန္ဒိယနိုင်ငံထုတ် ​နေ့​စဉ်သတင်း​စာ​တွေမှာ ​ဖော်ပြပါတယ်။ [caption id="attachment_20654" align="alignright" width="300" caption="စစ်ရေးလေ့ကျင့်နေစဉ်"][/caption] မီလန်လို့​ အမည်​ပေး​ထား​တဲ့​ ဒီစစ်​ရေး​လေ့​ကျင့်​မှုမှာ အာရှပစိဖိတ် ​ဒေသတွင်း​ နိုင်ငံ ၁၄ နိုင်ငံက စစ်သ​င်္ဘော​တွေနဲ့​ စစ်သည်​တွေ ပါဝင် ​လေ့​ကျင့်​တာ ဖြစ်ပါတယ်။ အိမ်ရှင် အိန္ဒိယ၊​ ဩစ​တြေး​လျ၊​ ဘင်္ဂလား​ဒေ့​ရှ် ၊​ သီရိလင်္ကာ နဲ့​ ​မော်လဒိုက် အပြင် အ​ရှေ့​တောင်အာရှ​ဒေသက ဘရူနိုင်း​၊​ ဖိလစ်ပိုင်၊​ ထိုင်း​၊​ မြန်မာ၊​ အင်ဒိုနီး​ရှား​၊​ စင်ကာပူ၊​ ဗီယက်နမ်နဲ့​ မ​လေး​ရှား​ စတဲ့​ နိုင်ငံ​တွေလည်း​ ပါဝင်ပါတယ်။ ဖေ​ဖော်ဝါရီ ၁ ရက်​နေ့​ က​နေ ၆ ရက်​နေ့​အထိ ပြုလုပ်တဲ့​ ဒီစစ်​ရေး​လေ့​ကျင့်​မှုကို ပင်လယ်​ရေ​ကြောင်း​ အကြမ်း​ဖက်မှုနဲ့​ ပင်လယ်ဓား​ပြ နှိမ်နင်း​ရေး​၊​ လူသား​ချင်း​စာနာမှု လုပ်ငန်း​တွေနဲ့​ သဘာဝ​ဘေး​ကယ်ဆယ်​ရေး​ လုပ်ငန်း​တွေအတွက် စစ်တပ်​တွေ အကြား​ စွမ်း​ရည်မြှင့်​တင်တဲ့​ အ​နေနဲ့​ ရည်ရွယ်ပြုလုပ်တာလို့​ အိန္ဒိယ အစိုး​ရအရာရှိ​တွေက Times of India သတင်း​စာကြီး​ကို ​ပြောပါတယ်။ ဒါ့​အပြင် အိန္ဒိယနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာထဲက ဗဟိုချက်မ ​နေရာမှာရှိပြီး​ ကူသန်း​ရောင်း​ဝယ်​ရေး​နဲ့​စွမ်း​အင်ကဏ္ဍအတွက် အသက်​သွေး​ကြော ကြား​ခံ​နေရာမှာရှိတဲ့​ အ​ကြောင်း​နဲ့​ ​ဒေသတွင်း​ လုံခြုံ​ရေး​နဲ့​တည်ငြိမ်​ရေး​အတွက် အဓိက နိုင်ငံဖြစ်တယ်လို့​လည်း​ အိန္ဒိယ အစိုး​ရတာဝန်ရှိသူ​တွေက ​ပြောပါတယ်။ ဒေသတွင်း​နိုင်ငံ​တွေဟာ အိန္ဒိသမုဒ္ဒရာအတွင်း​ ​ဒေသ လုံခြုံ​ရေး​အပြင် တနှစ်ကို ပင်လယ်ကူး​ သ​င်္ဘောအ​ရေအတွက် ၆ ​သောင်း​လောက် သွား​လာ​နေတဲ့​ မာလက္ကာ ​ရေလက်ကြား​ ​ရေ​ကြောင်း​သွား​လာမှု ​ဘေး​ကင်း​လုံခြုံမှု ရှိ​အောင် အကာအကွယ်​ပေး​ဖို့​ရည်ရွယ်ပြီး​ ဒီလို စစ်​ရေး​တွေ အချင်း​ချင်း​ပူး​ပေါင်း​ ​လေ့​ကျင့်​နေကြတာလည်း​ ဖြစ်ပါတယ်။ မီလန် စစ်​ရေး​လေ့​ကျင့်​မှုကို ၁၉၉၅ ခုနှစ်ကတည်း​က စပြီး​ အိန္ဒိယအပါအဝင် နိုင်ငံ ၄ နိုင်ငံ က ​ရေတပ်​တွေနဲ့​ စတင် ​လေ့​ကျင့်​ရာမှာ ခု​တော့​ ၁၄ နိုင်ငံထိ တိုး​ပြီး​ ပါဝင် ​လေ့​ကျင့်​လာတာပါ။ တရုတ်​ရေတပ်က ​လေယာဉ်တင်သ​င်္ဘော​တွေ တည်​ဆောက်ပြီး​ ​ဒေသတွင်း​မှာ ​ရေတပ်အင်အား​တိုး​ချဲ့​လာချိန်မှာ ခုလို ​ဒေသတွင်း​နိုင်ငံ​တွေက တရုတ်နိုင်ငံမပါဘဲ စစ်​ရေး​လေ့​ကျင့်​နေတာလည်း​ ဖြစ်ပါတယ်။ မြန်မာ​ရေတပ်က​တော့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ခုနှစ်က အလား​တူ အိန္ဒိယသမုဒ္ဒရာတွင်း​မှာ ကျင်း​ပခဲ့​တဲ့​ မီလန် စစ်​ရေး​ ​လေ့​ကျင့်​မှုမှာ ပါဝင် ​လေ့​ကျင့်​ခဲ့​ဖူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up