DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်ရပ်ရန် မူအား​ဖြင့်​ သ​ဘောတူ
DVB
·
February 1, 2012
မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်ရပ်ရန် မူအား​ဖြင့်​ သ​ဘောတူ
Donate to DVB

မွန်ပြည်သစ်ပါတီကိုယ်စား​လှယ်အဖွဲ့​နဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​ မနက်ပိုင်း​ ​မော်လမြိုင်မြို့​ ​တွေ့​ဆုံပွဲမှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် အချက် ၅ ချက်ကို ပဏာမသ​ဘောတူခဲ့​ကြတယ်လို့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​အကျိုး​ဆောင် ဦး​စောလှ​မောင်​ရွှေက ​ပြောပါတယ်။

တွေ့​​ဆုံ​ပွဲ​အ​တွင်း​​ ​လက်​ဆွဲ​နှုတ်​ဆက်​ကြစဉ်

“ပဏာမ သ​ဘောတူတာက​တော့​ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့​ရယ်၊​ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ဖို့​အတွက်။ အခုက​တော့​ ပြည်နယ်အဆင့်​ ​ပေါ့​နော်။ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ဖို့​အတွက် ကိုယ်စား​လှယ်အမည်စာရင်း​၊​ ရက်၊​ ​နေရာ ညှိနှိုင်း​ဖို့​ရယ်၊​ ဆက်ဆံ​ရေး​ရုံး​တွေ ထား​ဖို့​ရယ်၊​ သတ်မှတ်တဲ့​နေရာပဲ လက်နက်နဲ့​ သွား​ဖို့​ဖြစ်ပြီး​ ကန့်​သတ်နယ်​မြေမှာ လက်နက်နဲ့​ မသွား​ရဘူး​ ဆိုတာရယ်။ နှစ်ဖက် သ​ဘောတူညီလို့​ရတဲ့​ နယ်​မြေပိုင်း​ခြားတွေမှာ​ ​နေ​ထိုင်​ဖို့​​ စတဲ့​အချက်​တွေ​ ​ဆောင်​ရွက်​ဖို့​ကို ဒီက​နေ့​ သ​ဘောတူခဲ့​တယ်။”

မွန်ပြည်သစ်ပါတီကိုယ်စား​လှယ်​တွေက အခုရရှိခဲ့​တဲ့​ လူကြီး​လူ​ကောင်း​ သ​ဘောတူညိချက် (gentlemen agreement) ​တွေအ​ပေါ် မွန်ပြည်သစ်ပါတီ ဗဟို​ကော်မတီကို တင်ပြပြီး​ ဒီလ တတိယပတ်​လောက် ထပ်မံ​တွေ့​ဆုံကြမယ်လို့​ အကြမ်း​ဖျင်း​ သတ်မှတ်ထား​ပါတယ်။

ဒီ​ဆွေး​နွေး​ပွဲက​နေ နှစ်ဖက်အကြား​ အပြီး​သတ် သ​ဘောတူညီချက် မရ​သေး​ဘူး​ဆိုတာကို မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ရဲ့​ ကိုယ်​ရေး​အရာရှိ ဗိုလ်မှူး​စိုး​မိုး​အောင်က ​ပြောပါတယ်။

“မရ​သေး​ပါဘူး​အစ်ကို။ သ​ဘောတူညီချက်ဟာကို သူတို့​ ဗဟို​ကော်မတီ ဘာညာ ပြန်တင်ပြပြီး​တော့​ ​ဖေ​ဖော်ဝါရီလ တတိယပတ်မှာမှ အပြီး​သတ် လုပ်မှာပါခင်ဗျ။”

ဒီက​နေ့​ဆွေး​နွေး​ပွဲမှာ မွန်ပြည်သစ်ပါတီကိုယ်စား​လှယ်အဖွဲ့​ကို ဦး​ဆောင်သူ ပါတီဒုဥက္ကဋ္ဌ နိုင်​ရော့​စ၊​ ဗဟိုအလုပ်အမှု​ဆောင်၊​ နိုင်တလညီ​နော်နဲ့​ ဒု-စစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် လီယယ်စ​ကောင်း​ အပါအဝင် ကိုယ်စား​လှယ် ၇ ဦး​ ​ဆွေး​နွေး​ပါတယ်။

အစိုး​ရကိုယ်စား​လှယ်အဖွဲ့​မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​ခေါင်း​ဆောင်ပြီး​ ဝန်ကြီး​ဦး​စိုး​သိန်း​၊​ ဝန်ကြီး​ဦး​ဇော်မင်း​၊​ မွန်ပြည်နယ်ဝန်ကြီး​ချုပ်နဲ့​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ်တိုင်း​မှူး​တို့​ ပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​အတွက် ဆယ်စုနှစ်​ပေါင်း​များ​စွာ လက်နက်ကိုင် တိုက်ရာက​နေ စစ်​ကောင်စီလက်ထက်မှာ အပစ်ရပ် သ​ဘောတူညီချက် တကြိမ်ရဖူး​ပါတယ်။

ဒါ​ပေမယ့်​ နယ်ခြား​စောင့်​တပ်​ပြောင်း​ခိုင်း​တာကို ငြင်း​ဆန်တာ​ကြောင့်​ အပစ်ရပ် သ​ဘောတူညီချက် ပျက်သလိုဖြစ်ခဲ့​ပြီး​ အစိုး​ရသစ်လက်ထက် ပြန်လည် ​ဆွေး​နွေး​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013