A d v e r t i s e m e n t With Us

ကိုလံဘီယာသူပုန်တပ်ဖွဲ့၊ ဖားသူပုန်တပ်ဖွဲ့ ခေါင်းဆောင်များနှင့် ကျူးဘားသမ္မတ တွေ့ဆုံ

ဓာတ်ပုံ - ရိုက်တာ
ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုဟာ ကိုလံဘီယာ သူပုန်တပ်ဖွဲ့ (အီးအယ်လ်အန်) ရဲ့ စစ်ဦးစီးမှူး ဂါဘီနို၊ ဖားသူပုန်တပ်ဖွဲ့ (FARC) ခေါင်းဆောင် တီမိုချန်ကိုတို့နဲ့ မြို့တော် ဟာဗားနားမှာ မေလ ၁၁ ရက်နေ့က တွေ့ဆုံပါတယ်။ ကိုလံဘီယာနိုင်ငံအတွင်း အကြမ်းဖက်မှု အဆုံးသတ်ရေး အီးအယ်လ်အန် သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ကိုလံဘီယာ အစိုးရက ကြိုးစားနေချိန်မှာ ခုလို တွေ့ဆုံတာပါ။ ၂၀၁၈ ရွေးကောက်ပွဲတွေ ကျင်းပချိန်ထိ ငြိမ်းချမ်းရေးသဘောတူညီချက် ရမယ်လို့ မျှော်လင့်မထားကြောင်း ကိုလံဘီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး သူပုန်အုပ်စုဖြစ်တဲ့ အီးအယ်လ်အန်က အရင်နေ့က ပြောခဲ့တာပါ။ အဲဒီနောက် ကျူးဘားသမ္မတ၊ ဖားသူပုန်အကြီးအကဲနဲ့ အီးအယ်လ်အန် အကြီးအကဲတို့ တွေ့ဆုံခဲ့ကြပါတယ်။ မာ့က်စ်ဝါဒီ သူပုန်တွေဟာ ကိုလံဘီယာအစိုးရနဲ့ ၅၂ နှစ်ကြာ ပြည်တွင်းစစ် တရားဝင်အဆုံးသတ်ရေး သူတို့ရဲ့ ချဥ်းကပ်ပုံအသီးသီးကို ဆွေးနွေးဖို့ ကျူးဘားကို ရောက်နေပါတယ်။ ဖားသူပုန်တွေကတော့ မနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရခဲ့ပြီးပါပြီ။ ဖားသူပုန်တပ်သားတွေဟာ အရပ်သားဘဝကို ခံယူဖို့ လက်နက်စွန့်ရေးလုပ်ငန်းတွေ စနေပါပြီ။ အီးအယ်လ်အန်ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အီကွေဒေါနိုင်ငံ ကွေတိုမြို့မှာ ကျင်းပနေဆဲဖြစ်ပြီး မေလ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲ ပြန်စမှာပါ။ ကိုလံဘီယာ ပြည်တွင်းစစ်အတွင်း လူ ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up