မြန်မာတဦးအား ရဲအယောင်ဆောင် ဓားပြတိုက်သူ မလေးရှား ၂ ဦးကို ဖမ်းဆီး
DVB
·
May 12, 2017
မလေးရှားနိုင်ငံမှာ ရဲအယောင်ဆောင်ကာ မြန်မာနိုင်ငံသားတဦးအား ဓားပြတိုက်ခဲ့တဲ့ မလေးရှားနိုင်ငံသား ၂ ဦးကို ရဲတွေက မေ ၁၀ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘနားမားသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ အယ်လ်မာမြို့၊ ဂျလန်မဒန် ဆီရိအင်ပီရန်ဒေသတွင်းမှာ ဖြစ်ခဲ့ တာဖြစ်ပြီး ရဲတွေက ဆိုင်ကယ်နဲ့ လုံခြုံရေးကင်းလှည့်ချိန် ညနေ ၅.၃၀ နာရီလောက်မှာ ဖမ်းမိခဲ့တာပါ။
ကင်းလှည့်အဖွဲ့ဟာ မြန်မာအမျိုးသားရဲ့ အော်ဟစ်အကူအညီတောင်းသံကြောင့် တရားခံ ၂ ဦးကို ဖမ်းမိနိုင်ခဲ့တာလို့ ဆီဘရန် ပီရိုင်တန်ဂါဒေသ ရဲချုပ် နစ်ခ်ရော့ စ် အဇန်နစ်ခ် အဗဒူလ် ဟာမစ်က ပြောပါတယ်။
ရဲတွေဟာ အဆိုပါအမျိုးသား ၂ ဦးဆီကနေ နာမည်ကြီးအမှတ်တံဆိပ် မိုဘိုင်းလ် ဖုန်း ၂ လုံးနဲ့ မလေးရှားရင်းဂစ်ငွေ ၁၈၆၇ ပါဝင်တဲ့ ကျောပိုးအိတ်တလုံးကို သိမ်းဆည်းရ မိခဲ့တာပါ။
သူတို့ ၂ ဦးဟာ အရင်ကလည်း ရဲအယောင်ဆောင်ကာ လုယက်ခိုးယူမှု၊ ဓားပြမှုတွေ ကျူးလွန်ဖူးတဲ့ ပြစ်မှုဆိုင်ရာ အထောက်အထားတွေရှိခဲ့ဖူးတယ်လို့ ရဲချုပ် နစ်ခ်ရော့ စ် အဇန်နစ်ခ် အဗဒူလ် ဟာမစ်က ပြောပါတယ်။