A d v e r t i s e m e n t With Us

တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲကို လွှဲပေးရန် မြောက်ကိုရီးယား တောင်းဆို

တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ လီဗြောင်ဟို။ (ဓာတ်ပုံ - ယွန်ဟပ်)
တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲကို လွှဲပေးဖို့ မြောက်ကိုရီးယား အစိုးရက မေလ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဇီဝဓာတုလက်နက်နဲ့ လုပ်ကြံဖို့ ကြိုးစားရာမှာ နောက်ကွယ်က စီစဉ်ကြိုးကိုင်မှုနဲ့လည်း စွပ်စွဲထားပါတယ်။ နောက်ကွယ်က စီစဉ်သူတွေထဲမှာ တရုတ်အမျိုးသားတဦး၊ တောင်ကိုရီးယား ထောက်လှမ်းရေး ၂ ဦးနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ လီဗြောင်ဟိုတို့ ပါတယ်လို့ ဗဟိုအစိုးရ ရှေ့နေရုံးက ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကို လုပ်ကြံဖို့ စီစဉ်တဲ့အထဲမှာ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ (အန်အိုင်အက်စ်) နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) တို့ ပါတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက အရင်သီတင်းပတ်မှာ စွပ်စွဲခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အာခံတဲ့အနေနဲ့ မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ဒါမှမဟုတ် နောက်ထပ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု လုပ်မှာကို စိုးရိမ်နေလို့ သီတင်းပတ်ချီ တင်းမာမှုတွေ ဖြစ်နေချိန်မှာ ခုလို စွပ်စွဲပြောဆိုလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up