Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 12, 2017
မတ်ပဲ မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၉ထောင်ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၉သိန်း ၇သောင်း ၄ထောင် ပေါက်ဈေး ရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကလည်း ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈ထောင် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၆သိန်း ၇သောင်း ၁ထောင့် ၅ရာ ပေါက်ဈေး ရှိနေပါတယ်။ ထောပတ်ပဲ ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၇၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၇၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်) ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၄၆၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ငွေကျပ် ၃၀၀ ဈေး ကျဆင်းသွားပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)ကတော့ ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁သိန်း ၂သောင်း ၅ထောင် ပေါက်ဈေး ရှိနေပါတယ်။ ပဲပုတ်(ရှမ်း) ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၆သောင်း ၂ထောင် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေး ကျဆင်းသွားပါတယ်။ ကုလားပဲ V2 ကုလားပဲ V2 ကတော့ ဒီနေ့မှာ ၁ တင်းကို ၄သောင်း ၂ထောင့် ၅ရာကျပ် ပေါက်ဈေးရှိနေပြီး ၁ တင်းကို ငွေကျပ် ၁,၀၀၀ ဈေးတက်လာပါတယ်။ မန်ကျည်းတောင့် မန်ကျည်းတောင့်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၈၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၃၀ ပေါက်ဈေး ရှိနေပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024