ဘင်္ဂလားဒေ့ရှ်တွင် စစ်သွေးကြွခိုအောင်းရာနေရာကို ရဲတပ်ဖွဲ့ စီးနင်း၊ လူ ၆ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
693
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေ ၁၁ ရက်နေ့က စစ်သွေးကြွတွေ ခိုအောင်းရာ နေရာတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ စစ်သွေးကြွ ၅ ဦးနဲ့ မီးသတ်သမား ၁ ဦးတို့ ဖြစ်ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မြို့တော် ဒါကာရဲ့ အနောက်ဘက် မိုင် ၂၀၀ ခန့်အကွာက စစ်သွေးကြွတွေ ခိုအောင်းရာနေရာကို ဝင်ရောက်စီးနင်းခဲ့တာပါ။
စစ်သွေးကြွတွေက လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မြို့တော် ဒါကာရှိ ကဖေးဆိုင်တခုကို စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။
အဲဒီကတည်းက ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကွန်မန်ဒိုတွေဟာ သံသယရှိဖွယ် စစ်သွေးကြွ ၇၀ ကျော်ကို သုတ်သင်ခဲ့ပြီး ရာနဲ့ချီ ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။