A d v e r t i s e m e n t With Us

ပခုက္ကူ လေဘေးဒုက္ခသည်များကို ထောက်ပံ့ကြေးနှင့် အကူအညီများ ပေးအပ်

ပခုက္ကူမြို့နယ်တွင်းက  လေဘေးသင့်ပြည်သူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက  ထောက်ပံ့ကြေးတွေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ပါတယ်။ ခုလို ထောက်ပံ့ရာမှာ ပြိုလဲအိမ် ၁ လုံးကို ကျပ် ၁သိန်းနှုန်း၊ အမိုးအကာပျက်စီး အိမ် ၁ လုံးကို ကျပ် ၃သောင်းနှုန်း အပြင် ကယ်ဆယ်ရေးပစ္စည်း၉ မျိုးပါ အသုံးအဆောင်ပစ္စည်းတွေအပြင် လတ်တလော စားသုံးဖို့ တပတ်စာ ခန့်မှန်း ဆန်တွေ ကိုထောက်ပံ့ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က တိုက်ခက်ခဲ့တဲ့ လေပြင်းကြောင့် ပခုက္ကူမြို့နယ်မှာ လူနေအိမ် ၂၀၀ ကျော် ပြိုလဲခဲ့ပြီး ၂၀၀၀ ကျော် အမိုးအကာပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up